မဟာမြိုင်တောရ ဆရာတော်ဘုရားကြီးကို ကြာသင်္ကန်းကပ်လှူခွင့်ရခဲ့တဲ့ ရတနာဗိုလ်

Posted on

အနုပညာလောကထဲမှာပရိသတ်အခိုင်အမာရလာတဲ့မင်းသမီးတွေထဲမှာတော့ ရတနာဘိုတစ်ယောက်လည်း အပါအဝင်ပါ။ သရုပ်ဆောင်စွမ်းရည်ပြည့်ဝမှုကြောင့် သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်အားပေးမှုရလာတာလို့လည်း ဆိုရမှာပါ။ ရတနာဘိုကတော့ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်ရိုက်ကူးခွင့်ရနေပြီ ဖြစ်ပါတယ်။


ရတနာဘိုကတော့ နေ့စဉ်လှုပ်ရှားမှုလေးတွေကို ဖေ့ဘွတ်ခ်မှာ မကြာခဏတင်ပေးပြီး ပရိသတ်တွေနဲ့ အဆက်မပြတ်ရအောင်ကြိုးစားသူတစ်ယောက်ပါ။ ဒါကြောင့်လည်း သူ့ရဲ့အလှူလေးကို ပရိသတ်တွေသိအောင် မျှဝေပေးလာပြန်ပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “မဟာမြိုင်တောရ ဆရာတော်ဘုရားကြီးကို ကြာသင်္ကန်းကပ်လှူ အားလုံးကုသိုလ်ထပ်တူရရှိကြပါစေ” ဆိုပြီး အလှူပြုလုပ်နေတဲ့ပုံရိပ်လေးနဲ့အတူ ပရိသတ်ကိုမျှဝေလာခဲ့တာပါ။


ရတနာဘိုကတော့ အနုပညာအလုပ်တွေလည်း မနားတမ်းကြိုးစားနေသလို တတ်နိုင်သမျှကောင်းမှုကုသိုလ်တွေလည်း လုပ်နေတာပါ။ အခုလည်း မဟာမြိုင်တောရ ဆရာတော်ဘုရားကြီးကို ကြာသင်္ကန်းကပ်လှူခဲ့တာကို ပြန်လည်မျှဝေလိုက်ပါတယ်နော်…
Source : YadanarBo