မြန်မာနိုင်ငံက ဇာတ်လမ်းတွဲကြိုက်တဲ့ပရိသတ်တွေအတွက် ပထမဆုံးမြန်မာရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးပြသခဲ့တဲ့ MRTV-4 Forever ကတော့ အခုဆိုရင် ပရိသတ်တစ်ခဲနက်အားပေးခဲ့ကြတဲ့ဇာတ်လမ်းတွဲပေါင်းများစွာကို ရိုက်ကူးခဲ့ပြီးပြီဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေထဲက မင်းသား၊မင်းသားတွေဟာဆိုရင်လည်း ပရိသတ်ဝန်းရံအားပေးမှုအများဆုံးရရှိလာကြတဲ့အထိ အောင်မြင်မှုလမ်းကြောင်းပေါ် လျှောက်လှမ်းလာနိုင်ခဲ့ပါပြီ။
လတ်တလော ကိုဗစ်ကာလရိုက်ကူးရေးနားနေစဉ်ကာလမှာတော့ အနုပညာရှင်တော်တော်များများ အစားအသောက်ရောင်းချနေသလို ဖေ့ဘွတ် Live လွှင့်ပြီးတော့လည်း ဈေးရောင်းချလာကြပါတယ်။ MRTV_4 မင်းသားတစ်လက်ဖြစ်တဲ့ ဖြိုးရာဇာနိုင်ကတော့ ဒီနေ့ညနေမှာ သူငယ်ချင်းတွေဖြစ်တဲ့ ပြည့်ဝ၊ မေမီကိုကိုတို့နဲ့အတူ မုံရွာမြို့ကနေ Live လွှင့်ဈေးရောင်းချသွားမှာဖြစ်ကြောင်း ပရိသတ်ကြီးကို မျှဝေခဲ့ပါတယ်။
သူတို့သုံးဦးကတော့ မုံရွာမြို့ကိုရောက်ရှိနေတုန်း ပိုးထည်ဆိုင်အတွက်ဈေးရောင်းချပေးသွားမှာဖြစ်ပြီး ကံစမ်းမဲအစီအစဉ်လေးတွေပြုလုပ်ကာ မုံရွာက ချစ်ပရိသတ်တွေနဲ့လည်း တွေ့ဆုံသွားမယ်လို့ သိရပါတယ်။ ဖြိုးရာဇာနိုင်၊ ပြည့်ဝနဲ့ မေမီကိုကိုတို့ သူငယ်ချင်းသုံးယောက်ကတော့ ဒီညနေမှာ အတူတူဈေးရောင်းရင်း ပရိသတ်တွေနဲ့စကားပြောသွားမှာမို့ အားပေးချင်ကြတဲ့ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source – Phyo Yarzar Naing
Rainbow- Cele Gabar