” နွေဦးရာသီမှာ မြန်မာအလှကိုဖော်ကြူးထားတဲ့ နွေရာသီချည်သားမြန်မာဝမ်းဆက်လေးနဲ့ကျက်သရေရှိရှိလှနေတဲ့ထင်သစ္စာ “

CeleGabar ပရိသတ်ကြီးရေ ထင်သစ္စာကတော့ ဆယ်ကျော်သက် အမျိုးသားပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ အနုပညာမျိုးဆက်သစ်လေးပဲ ဖြစ်ပါတယ်။ ဝါရင့် အကယ်ဒမီသရုပ်ဆောင်မင်းသမီးကြီး ခင်ဇာခြည်ကျော်ရဲ့ သမီးလေးပဲ ဖြစ်တဲ့အပြင် အနုပညာခြေလှမ်းတွေစတင်နေပြီလို့ဆိုရမှာပါ။

အမေဖြစ်သူ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီးခင်ဇာခြည်ကျော်နဲ့ TikTok လေးတွေ ဆော့ကာ ပရိသတ်တွေအမြဲဝေမျှလေ့ရှိခဲ့ပြီး အခုဆိုရင် မိခင် ခင်ဇာခြည်ကျော်နဲ့အတူ live saleလေးတွေပြုလုပ်ကာ မိခင်နဲ့အတူစီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေသူပါ။ အမျိုးသားပရိသတ်တွေက သူမရဲ့စကားပြောပုံလေးတွေကို သဘောကျကာ သွက်လက်ထက်မြက်လွန်းသူလေးပါပဲနော်။

ဒီနေ့မှာလည်း မြန်မာဆန်ဆန်လေးဝတ်ကာ ကျက်သရေရှိတဲ့ပုံရိပ်လေးတွေကို ဝေမျှခဲ့တာပါ။ အမေဖြစ်သူရဲ့ လှပချောမောမှုတွေကိုအမွေရရှိထားတဲ့ ထင်သစ္စာကတော့နွေဦးရာသီမှာ မြန်မာအလှကိုဖော်ကြူးထားတဲ့ နွေရာသီချည်သားမြန်မာဝမ်းဆက်လေးနဲ့လှနေတဲ့ပုံရိပ်လေးတွေကို CeleGabarပရိသတ်ကြီးအတွက် တင်ပေးလိုက်ပါတယ်နော်။

Koe-CeleGabar
Source- Htin Thitsar





Koe-CeleGabar
Source- Htin Thitsar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x