ယူကရိန်းနိုင်ငံထုတ် Bonlife နေကြာဆီရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ညီနန္ဒ

Posted on

အနုပညာသမားတစ်ယောက်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သူညီနန္ဒကတော့ လတ်တလောမှာ ကိုနန္ဒထောပတ်ထမင်းနဲ့ အောင်မြင်နေသူတစ်ယောက်ပါ။ ကိုဗစ်ကာလရိုက်ကူးရေးတွေ ရပ်နားကတည်းက စတင်ရောင်းချခဲ့တဲ့ထောပတ်ထမင်းလုပ်ငန်းလေးက အခုဆိုတော်တော်အကျိုးပေးနေပြီလို့ ဆိုရမှာပါ။

ဒါ့အပြင် ဒီနေ့မှာလည်း ညီနန္ဒကတော့ ပရိသတ်အတွက် ဝမ်းသာစရာသတင်းလေးတစ်ခုကို ထပ်မံမျှဝေပေးခဲ့ပါတယ်။ မနေ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတော့ (၂၅) နှစ်ကျော်လျှောက်လှမ်းလာခဲ့တဲ့ ကျွန်တော့်အနုပညာဘဝအတွက်လည်း ပထမဦးဆုံးရတဲ့ ပန်းတိုင်သစ်တစ်ခုကို မျှဝေပေးသွားပါမယ်လို့ သတင်းကောင်းလေးပေးခဲ့ပြီး ဒီနေ့မှာတော့ ယူကရိန်းနိုင်ငံထုတ် BonLife နေကြာဆီရဲ့ Brand Ambassador အဖြစ် တစ်နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီးပြီ ဖြစ်ကြောင်း သတင်းကောင်းလေးကို မျှဝေပေးခဲ့ပါတယ် ပရိသတ်ကြီးရေ…

ထပ်ပြီးတော့လည်း Bonlife နေကြာဆီမှ ကိုနန္ဒထောပတ်ထမင်းချက်ဖို့ နေ့စဉ် Bonlife နေကြာဆီ (၆)ပိဿာကနေ (၈) ပိဿာအထိ တစ်နှစ်တိတိ Sponsor ပေးသွားမယ်လို့လည်း သိရပါတယ်…ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ညီနန္ဒကတော့ ဖြတ်သန်းလာတဲ့အနုပညာခရီးတလျှောက်မှာ ပထမဆုံး Brand Ambassador အဖြစ်ပေးအပ်ခဲ့တဲ့ Bonlife နေကြာဆီရဲ့အောင်မြင်မှုအတွက်လည်း အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ကြောင်းကိုလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဝမ်းသာကြည်နူးစွာနဲ့ မျှဝေခဲ့ပါတယ်။


Source – Nyi Nanda
Rainbow- Cele Gabar