အတုံ့အလှည့်မြန်တဲ့ ခေတ်ကြီးမှာ အပြောမတတ်ရင် ဝဋ်လည်မယ်လို့ပြောလာတဲ့ ထွန်းထွန်း

Posted on

ပရိသတ်ကြီးရေ Examplez အဖွဲ့ အဖြစ် ပရိသတ်တွေ အားပေးဝန်းရံခဲ့ကြတဲ့ ထွန်းထွန်းကတော့ လက်ရှိမှာ သရုပ်ဆောင်တစ်ယောက်အဖြစ်ရပ်တည်နေပြီပဲဖြစ်ပါတယ် ။သူ့ရဲ့ သဘာဝကျပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးထားပြီး ပရိသတ်တွေ အားပေးမှု အခိုင်အမာရရှိခဲ့တာဖြစ်ပါတယ် ။

ကိုကိုထွန်းထွန်းကတော့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့အတူ နေ့စဉ် လှုပ်ရှားမှု ပုံရိပ်တွေကို ပရိသတ်တွေကို အမြဲ မျှဝေပေးနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။ မကြာခဏ ဆိုသလို သူ့ရဲ့ ခံစားချက်အချို့ကို လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားဖော်ပြလေ့ရှိပါသေးတယ် ။ လတ်တလောမှာတော့ အစားကိုကုန်အောင်စား စကားကိုကုန်အောင်မပြောပါနဲ့ သတိတော့ထား…အတုံ့အလှည့်မြန်တဲ့ ခေတ်ကြီးမှာ အပြောမတတ်ရင်…. ဝဋ်လည်နေဦးမယ် ဆိုတဲ့ စာသားလေးကို သူ့ရဲ့ဖေ့ဘုတ်စ်စာမျက်နှာထက်မှာရေးသားဖော်ပြခဲ့ပါတယ် ။

ကိုကိုထွန်းထွန်းရဲ့ ပရိသတ်တွေကတော့ စာသားနဲ့အတူ တွဲတင်ထားတဲ့ သူ့ရဲ့အမိုက်စား ပုံရိပ်တွေကို အရမ်းကို သဘောကျနေကြကြောင်း မှတ်ချက်တွေပေးထားတာတွေ့ရပါတယ် ။ ကိုကိုထွန်းထွန်းရဲ့ Cele Gabar ပရိသတ်ကြီးအတွက် ခပ်မိုက်မိုက် အထာကျနေတဲ့ ကိုကိုထွန်းထွန်းရဲ့ ပုံရိပ်တွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Htin Aung Htun
Emily (Cele Gabar)