အောင်ရေချမ်းမွေးနေ့အလှူအဖြစ် မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ကုသိုလ်ပြုခဲ့ကြတဲ့ We Love အဖွဲ့သားများ

Posted on

ကိုတင်ဖေလို့ ပရိသတ်တွေ စသိခဲ့ကြတဲ့ MRTV-4 မင်းသားချောလေး အောင်ရေချမ်းကတော့ ဇူလိုင်လ (၇) ရက်နေ့က သူ့ရဲ့ မွေးနေ့အမှတ်တရအဖြစ် အလှူအတန်းတွေပြုလုပ်ခဲ့ပါတယ် ။ အောင်ရေချမ်းတင်မကပါဘူး အောင်ရေချမ်းရဲ့ အမာခံဖန်တွေဖြစ်တဲ့ We Love AYC အဖွဲ့သားတွေဖြစ်တဲ့ အနယ်နယ် အရပ်ရပ်က သူ့ရဲ့ ပရိသတ်တွေကလည်း သူတို့တတ်အားသမျှ ကုသိုလ်အလှူလေးတွေကိုလည်း ပြုလုပ်ပေးခဲ့ကြပါတယ် ။

မုံရွာက we love တွေကလည်း သူတို့တတ်အားသမျှ အလှူလေးတွေပြုလုပ်ပေးခဲ့သလို မန္တလေးက We love တွေကလည်း ဇူလိုင် ၇ ရက်နေ့ မှာကျရောက်တဲ့ အောင်ရေချမ်းရဲ့ မွေးနေ့လေးအတွက် We Love AYC မှ မန္တလေးပြည်သူ့ဆေးရုံကြီး လူနာများအတွက် အာဟာရကုသိုလ်တစ်နေ့တာ လူ ၂၀၀ စာ အကျွေးအမွေး လှုဒါန်းခဲ့တယ်လို့သိရပါတယ် ။ အောင်ရေချမ်းကတော့ သူအတွက် အလှူလေးတွေ ပြုလုပ်ပေးခဲ့တဲ့ We love တွေကို ပြောမပြတတ်အောင်ကျေးဇူးတင်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့ပါသေးတယ် ။

အောင်ရေချမ်းကတော့ သူတို့အရမ်းကိုချစ်ခင်အားပေးကြပြီး ခုလို တကူးတက လှူဒါန်းမှုတွေပြုလုပ်ပေးခဲ့ကြတဲ့ We love လေးတွေကြောင့် ပြီးပြည့်စုံတဲ့မွေးနေ့လေး ကိုဖြတ်သန်းခွင့်ရခဲ့ပါပြီနော် ။ အောင်ရေချမ်းပရိသတ်ကြီးအတွက်လည်း မန္တလေးမှာလှူဒါန်းခဲ့ကြတဲ့ အောင်ရေချမ်းရဲ့ မွေးနေ့အလှူပုံရိပ်လေးတွေကို ထပ်မံမျှဝေပေးလိုက်ပါတယ်နော် ။

Source : Aung Yay Chan
Emily (Cele Gabar)