ပရိသတ်တွေ နှစ်ပေါင်းများစွာအားပေးချစ်ခင်လာခဲ့တဲ့ ဝါရင့်မင်းသမီးတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်မေသန်းနုကတော့ မကြာသေးမီကာလကမှ တရားရင်ဆိုင်ခဲ့ရပြီး ပရိသတ်တွေအားလုံးက စိုးရိမ်ပူပန်ပေးခဲ့ကြပါတယ် ။ ဒါပေမယ့် အမှုကနေ ပြန်လည်လွတ်မြောက်ခဲ့တဲ့အတွက် ပရိသတ်တွေရော မိသားစုပါ ထပ်တူ ဝမ်းသာပျော်ရွှင်ခဲ့ရတာပါ ။
လက်ရှိမှာတော့ အတိတ်က ကိစ္စတွေအားလုံးကိုမေ့ပစ်ပြီး ချစ်ရတဲ့ တစ်ဦးတည်းသောသားလေး မင်းသန့်မောင်မောင်နဲ့အတူတူ အချိန်တွေ ကုန်ဆုံးရင်းပျော်ရွှင်နေပြီပဲဖြစ်ပါတယ် ။ ဒီနေ့မှာတော့ သားလေး မင်းသန့်မောင်မောင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေတဆင့် မိခင်ဖြစ်သူနဲ့ အတူတူ gym အတူတူ ဆော့နေတဲ့ ပုံရိပ်လေးကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ ပရိသတ်တွေကတော့ သူမတို့သားအမိနှစ်ယောက် အခုလို ပြန်ဆုံပြီး ပျော်ပျော်ရွှင်ရွှင်ဖြစ်နေတာကို ဝမ်းသာကြောင်းမှတ်ချက်တွေရေးသားခဲ့ကြတာတွေ့ရပါတယ် ။
အခုလို မိသားစု ပြန်လည်ဆုံဆည်းပြီး အရင်လို ပျော်ပျော်ရွှင်ရွှင် ရှိနေကြတာကို မေသန်းနုရဲ့ ချစ်ပရိသတ်ကြီးလည်းထပ်တူထပ်မျှ ဝမ်းသာပျော်ရွှင်နေမယ်ထင်ပါတယ်နော် ။ မေသန်းနုနဲ့ မင်းသန့်မောင်မောင်ကိုချစ်ကြတဲ့ Cele Gabar ပရိသတ်ကြီးအတွက် လည်းချစ်စရာကောင်းတဲ့ သူမတို့ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Min Thant Mg Mg
Emily (Cele Gabar)