မိန်းမအတွက် ချစ်သက်လက်ဆောင်အနေနဲ့ ကိုယ်တိုင်ဆိုသီချင်းလေးတစ်ပုဒ် လက်ဆောင်ပေးခဲ့တဲ့ ကိုပေါက်

Posted on

ကိုပေါက်ကတော့ ချောမောလှပတဲ့ဇနီးကိုပိုင်ဆိုင်ထားပြီး သားလေးနှစ်ယောက်နဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ဘဝကို တည်ဆောက်ထားသူပါ။ လက်ရှိအချိန်မှာတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့သာမက ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ အောင်မြင်နေပြီဖြစ်ပြီး ဟာသ Tik Tok တွေနဲ့လည်း ပရိသတ်အားပေးမှုအခိုင်အမာရရှိလာသူတစ်ယောက်ပါ။

သူ့ရဲ့ Tik Tok တွေထဲမှာတော့ ဇနီးဖြစ်သူကိုပါ ပါဝင်သရုပ်ဆောင်ခိုင်းလေ့ရှိပြီး မနေ့ကတော့ ရိုက်ကွင်းနောက်ကွယ်မှာ အဆူခံရလို့ ငိုနေတဲ့ဇနီးသည်ရဲ့ဗွီဒီယိုကို မျှဝေခဲ့တာကြောင့်လည်း ပရိသတ်တွေများစွာသဘောကျခဲ့ရပါသေးတယ်။ ဒီနေ့မှာတော့ မပြည့်စုံခင်အချိန်ကနေ အခုလိုအချိန်အထိ ဘေးမှာပါရမီဖြည့်ပေးခဲ့တဲ့ချစ်ဇနီးလေးအတွက် ကိုယ်တိုင်သီဆိုထားတဲ့ “လက်ပံပွင့်လေးနီနီ” ဆိုတဲ့သီချင်းလေးကို ချစ်သက်လက်ဆောင်အနေနဲ့ ပေးခဲ့ပါတယ်။

နီနီဆိုတဲ့နာမည်ပိုင်ရှင် ဇနီးသည်လေးအတွက် လက်ပံပွင့်လေးနီနီ ဆိုတဲ့သီချင်းလေးကိုတော့ တေးရေးသဟာအောင်က ရေးစပ်ထားပြီး ကိုပေါက်ကတော့ ခံစားမှုအပြည့်နဲ့ သီဆိုကာ ချစ်ဇနီးလေးအတွက် လက်ဆောင်ပေးခဲ့တာပါ ပရိသတ်ကြီးရေ… သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ကိုပေါက်ကတော့ သီချင်းဆိုရာမှာလည်း မခေသူတစ်ယောက်မို့ ဆယ်လီကမ္ဘာပရိသတ်ကြီး နားဆင်ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Aung Min Naing
Rainbow- Cele Gabar