ကိုဗစ်တွေဖြစ်နေတဲ့ကြားက ကွယ်လွန်သူဖခင်ကြီးအတွက်ရည်စူးကာ အလှူဒါနပြုခဲ့တဲ့ ဥက္ကာမင်းမောင်

Posted on

ဥက္ကာမင်းမောင်ကိုတော့ မြန်မာပရိသတ်တွေက မော်ဒယ်လ်၊မင်းသားချောလေးတစ်ယောက်အဖြစ် စတင်ချင်ခင်ခဲ့ကြတာဖြစ်ပါတယ်။ မြန်မာ့ဂုဏ်ဆောင် Mister တစ်ယောက်ဖြစ်သလို သရုပ်ဆောင်အရည်အချင်းအပြည့်ရှိတဲ့အနုပညာရှင်တစ်ယောက်ပါ။ အခုဆိုရင်လည်း စိတ်ကြိုက်ပုံဖော်ဖန်တီးထားတဲ့ သီချင်းအသစ်တွေကိုလည်း ထွက်ရှိထားတာပါ။


လက်ရှိအမေရိကန်နိုင်ငံနယူးယောက်ခ်မြို့မှာနေတဲ့ ဥက္ကာမင်းမောင်ကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ”ကွယ်လွန်သူ ဖခင်ကြီး၏ ၆၄ နှစ်ပြည့် မွေးနေ့အတွက်ရည်စူး၍ New York မြို့ Queensရှိ မြန်မာဘုန်းကြီးကျောင်းတွင် ညီမလေးနဲ့ နှစ်ယောက် ပေါင်းပြီး အလှူဒါနလေးပြုလုပ်ခဲ့ပါတယ်.. ဒီတခါတော့ ဘုန်းဘုန်းက ကျောင်းဆောင်ထဲကနေ မှန်တံခါးပိတ်ပြီး microphone လေးနဲ့ တရားဟောပေးတယ်.. ကျောင်းဆောင်အပြင်မှာ စပီကာလေးထားထားတော့ ကိုယ်က အပြင်ဘက်ကနေ ရေစက်ချတရားနာပေါ့..ဘုန်းဘုန်းတို့ ကျန်းမာနေတာမြင်ရတော့လဲ ဝမ်းသာတယ်.. ကိုရိုနာကာလဆိုတော့ ကိုယ်လဲ ဘုန်းဘုန်းတို့အတွက်စိတ်ပူတာလေ.. New York မှာနေတဲ့ မြန်မာများအားလုံးလဲ လှူချင်ရင် အဲ့လိုလှူလို့ရပါကြောင်း တခါထဲ သတင်းကောင်းပါးအပ်ပါတယ်..သုံးပါးကျောင်း ဆိုပြီး Facebook မှာ ရိုက်ထည့်လိုက်ရင် လိပ်စာ ဖုန်းနံပါတ်နဲ့တကွ ထွက်လာပါလိမ့်မယ်.. ဘုန်းဘုန်းက ကျောင်းထဲကနေ တရားဟောပေးပါတယ်…ဒီကနေ့ ပြုသမျှ ကုသိုလ်ကောင်းမှူ အစုစု ဖေကြီး ရပါစေ.. ရောက်ရာဘုံဘဝကနေ သာဓုခေါ်နိုင်ပါစေ ဖေကြီး.. သားတို့ အားလုံး သတိရပါတယ်..” ဆိုပြီးတော့ ရေးသားဖော်ပြလာတာပါ။


ဖခင်ဖြစ်သူကွယ်လွန်ခဲ့ပြီဖြစ်ပေမဲ့ နိုင်ငံရပ်ခြားရောက်နေပေမဲ့လည်းသတိတရနဲ့အလှူဒါနတွေပြုလုပ်ပေးနေတာပါ။ အခြားသူတွေလည်း ဘုန်းကြီးကျောင်းမှာသူ့လိုအလှူဒါနပြုနိုင်ဖို့အတွက်လည်း ပြန်လည်မျှဝေလာခဲ့တာဖြစ်ပါတယ်။


Source : OkkarMinMaung