ချစ်သူမရှိတဲ့သူတွေ ငိုင်သွားစေမယ့် ဖြူဖြူကျော်သိန်းရဲ့ အရမ်းရိုလွန်းတဲ့ သီချင်း Music Video အသစ်လေး

Posted on

မြန်မာနိုင်ငံရဲ့အမျိုးသမီးအဆိုတော်တစ်ယောက်ဖြစ်တဲ့ ဖြူဖြူကျော်သိန်းကတော့ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေနဲ့ တောက်ပတဲ့ကြယ်ပွင့်တစ်ပွင့်အနေနဲ့ ရပ်တည်နေသူတစ်ယောက်ပါ။ ဆန်းသစ်တဲ့ဖက်ရှင် ထက်မြက်တဲ့အတွေးအခေါ် စကားပြောပုံတွေနဲ့ဖြူဖြူကတော့ မိန်းကလေးတိုင်းအားကျနေရသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

ဖြူဖြူကတော့ အောင်မြင်တဲ့အနုပညာလမ်းကြောင်းပေါ်လျှောက်လှမ်းနေသူတစ်ယောက်ပေမယ့် အချစ်ရေးနဲ့ပတ်သက်ပြီးတော့လည်း သတင်းတစ်စွန်းတစ်စမှ မကြားရသေးတဲ့သူတစ်ယောက်ပါ။ လွန်ခဲ့တဲ့ရက်ပိုင်းက ဖြူဖြူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတင်ခဲ့တဲ့ Private Dating ဆိုတဲ့စာသားနဲ့ စုံတွဲပုံလေးကတော့ ပရိသတ်ကိုလှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့တဲ့ ပို့စ်လေးဖြစ်ပြီး ဒီနေ့မှာတော့ Private Dating သီချင်းဗွီဒီယိုလေးကို မျှဝေလာခဲ့ပါတယ်။ ဖြူဖြူကျော်သိန်းနဲ့သိန်းလင်းစိုးတို့ရဲ့ Private Dating သီချင်းလေးကတော့ စာသားတွေနုရွလှပနေအောင် အမိုက်စားသီဆိုထားတဲ့အပြင် အရမ်းရိုလွန်းတဲ့သီချင်းဗွီဒီယိုလေးဖြစ်တာကြောင့် ဖြူဖြူကတော့ “PrivateDating ကို Public ဆီချပြလိုက်ပြီနော်…အရမ်းရိုတယ်ဆိုပြီးသဝန်တိုမနေနဲ့ဦး” ဆိုပြီးတော့ အရွှန်းဖောက်မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ…

ကိုဗစ်ကာလမှာတောင် ပရိသတ်တွေကို အမိုက်စားသီချင်းအသစ်တွေ ဆက်တိုက်ချပြနေတဲ့ဖြူဖြူကတော့ ဒီသီချင်းလေးမှာလည်း ဖြူဖြူက ဖြူဖြူပါပဲ ဆိုတာခံစားမိစေမှာပါ။ အချစ်စာသားအနုအရွလေးကို ဖြူဖြူ့ရဲ့အသံနဲ့ ဆွဲဆောင်မှုရှိရှိသီဆိုထားတဲ့ ဒီသီချင်းလေးကတော့ ချစ်သူမရှိတဲ့သူတွေတောင် ချစ်သူထားချင်စိတ်ရှိသွားစေမှာ အမှန်ပဲမို့ အရမ်းရိုတဲ့ Private Dating သီချင်းအသစ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source – Phyu Phyu Kyaw Thein
Rainbow- Cele Gabar