ပရိသတ်ကြီးရေ ဒီနေ့ ဇူလိုင်လ (၁၀)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသားချော သုတအောင်ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ဒီနှစ်ရဲ့ မွေးနေ့ရက်မြတ်လေးမှာတော့ပရိသတ်တွေရဲ့အချစ်တော် မင်းသားချောလေး သုတအောင်က အသက် (၂၇)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။
သုတအောင်က ဒီနေ့မွေးနေ့ရက်လေးမှာ မွေးနေ့အလှူလေးအနေနဲ့ ရွှေပြည်သာမှာရှိတဲ့ အခြေခံလူတန်းစားတွေအတွက် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ကြက်သွန်နီတို့ကို သွားရောက်လှူဒါန်းသွားမှာဖြစ်ပါတယ်။ သုတအောင်ရဲ့ပရိသတ်တွေကတော့ ဒီနေ့သုတအောင်ရဲ့ မွေးနေ့လေးအတွက်ကို မွေးနေ့ဆုမန်ကောင်းတွေတောင်းပေးထားကြပါသေးတယ်။
သုတအောင်လည်း ဒီနေ့မွေးနေ့လေးကနေစလို့ နောင်နှစ်ပေါင်းများစွာအနုပညာလောကမှာအောင်မြင်တဲ့ သူတစ်ယောက် အနေနဲ့ ရပ်တည်နိုင်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ပိုမိုရရှိပါစေလို့ CeleGabar ကနေ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း သုတအောင်ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းစကားလေးတွေပြောပေးခဲ့ကြပါဦး။
Chilli – CeleGabar
Source – Thu Ta Aung