မင်းသားချော Lee Min Ho ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့အချစ်တွေကို များစွာရရှိထားတာပါ။ သူပါဝင်ထားပြီး Apple TV+ ကနေထုတ်လွှင့်ပြသမယ့် Pachinko ဇာတ်ကားကလည်း ပရိသတ်တွေအထူးစောင့်မျှော်နေရတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။
ကိုရီးယားမှာသာမက ပြည်ပကပရိသတ်တွေကတော့ မင်းသားကိုထောက်ခံအားပေးမှုကို ပြသဖို့အတွက် ကြော်ငြာတွေကို ဝယ်ယူခဲ့ပါတယ်။ အာဂျင်တီးနားနဲ့ချီလီ စတဲ့နိုင်ငံတွေကပရိသတ်တွေကတော့ ဇာတ်ကားရဲ့ Trailer တွေကိုပြသဖို့အတွက် ဘေလ်ဘုတ်ကြော်ငြာတွေကို ဝယ်ယူပြသခဲ့တာပါ။ဇာတ်ကားမထွက်ခင်ကတည်းက အခုလို အားပေးထောက်ခံမှုတွေကတော့ မင်းသား Lee Min Ho ကတော့ ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေရဲ့အချစ်တွေကိုများစွာရရှိနေတယ်ဆိုတာ သိသာစေပါတယ်။
ကိုရီးယားကပရိသတ်တွေကတော့ Lee Min Ho ရဲ့အောင်မြင်ကျော်ကြာ်းမှုနဲ့ ဒရမ်မာအသစ်နဲ့ပတ်သက်ပြီး အခုလိုမျိုးပြည်ပကပရိသတ်တွေရဲ့အားပေးထောက်ခံမှုတွေကိုရရှိထားတာကို အလွန်သဘောကျလျက်ရှိနေကြတာပါ။ Lee Min Ho ကတော့ ဇာတ်ကားအသစ်ထွက်လာတိုင်း ပရိသတ်တွေကို လှုတ်ခတ်သွားစေတဲ့သူပါပဲ။
Zawgyi ဖြင့်ဖတ်ရန်
မင္းသားေခ်ာ Lee Min Ho ရဲ႕ ဇာတ္ကားသစ္ “Pachinko” ကို ပ႐ိုမိုးရွင္းလုပ္ေပးေနၾကတဲ့ ျပည္ပကပရိသတ္မ်ား
မင္းသားေခ်ာ Lee Min Ho ကေတာ့ ႏႈတ္ခမ္းနီမေလးေတြရဲ႕အခ်စ္ေတြကို မ်ားစြာရရွိထားတာပါ။ သူပါဝင္ထားၿပီး Apple TV+ ကေနထုတ္လႊင့္ျပသမယ့္ Pachinko ဇာတ္ကားကလည္း ပရိသတ္ေတြအထူးေစာင့္ေမွ်ာ္ေနရတဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။
ကိုရီးယားမွာသာမက ျပည္ပကပရိသတ္ေတြကေတာ့ မင္းသားကိုေထာက္ခံအားေပးမႈကို ျပသဖို႔အတြက္ ေၾကာ္ျငာေတြကို ဝယ္ယူခဲ့ပါတယ္။ အာဂ်င္တီးနားနဲ႔ခ်ီလီ စတဲ့ႏိုင္ငံေတြကပရိသတ္ေတြကေတာ့ ဇာတ္ကားရဲ႕ Trailer ေတြကိုျပသဖို႔အတြက္ ေဘလ္ဘုတ္ေၾကာ္ျငာေတြကို ဝယ္ယူျပသခဲ့တာပါ။ဇာတ္ကားမထြက္ခင္ကတည္းက အခုလို အားေပးေထာက္ခံမႈေတြကေတာ့ မင္းသား Lee Min Ho ကေတာ့ ကမာၻတစ္ဝွမ္းကပရိသတ္ေတြရဲ႕အခ်စ္ေတြကိုမ်ားစြာရရွိေနတယ္ဆိုတာ သိသာေစပါတယ္။
ကိုရီးယားကပရိသတ္ေတြကေတာ့ Lee Min Ho ရဲ႕ေအာင္ျမင္ေက်ာ္ၾကာ္းမႈနဲ႔ ဒရမ္မာအသစ္နဲ႔ပတ္သက္ၿပီး အခုလိုမ်ိဳးျပည္ပကပရိသတ္ေတြရဲ႕အားေပးေထာက္ခံမႈေတြကိုရရွိထားတာကို အလြန္သေဘာက်လ်က္ရွိေနၾကတာပါ။ Lee Min Ho ကေတာ့ ဇာတ္ကားအသစ္ထြက္လာတိုင္း ပရိသတ္ေတြကို လႈတ္ခတ္သြားေစတဲ့သူပါပဲ။