မေလသံစဉ်နဲ့အတူ သီချင်းလေးတစ်ပုဒ်ရိုက်ကူးခဲ့ကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့တဲ့ နက္ခတ်

ပရိသတ်ကြီးရေ နက္ခတ်ကတော့ ပရိသတ်တွေရဲ့ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသားချောတစ်လက်ပဲဖြစ်ပါတယ်။ နက္ခတ်ကတော့ သူ့ကိုချစ်တဲ့ ပရိသတ်တွေအတွက် အနပညာအလုပ်တွေကို မနားမနေကြိုးစားနေပြီး ဇာတ်လမ်းတွဲတွေသာမက သီချင်းဗီဒီယိုတွေကိုပါရိုက်ကူးနေခဲ့ပြီပဲဖြစ်ပါတယ်။

လတ်တလောမှာလည်း သီချင်း ဗီဒီယိုလေးတစ်ခုမှာ ပါဝင်သရုပ်ဆောင် ရိုက်ကူးနေခဲ့ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ချစ်ရတဲ့ ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။ သီချင်းလေးထဲမှာ မေလသံစဉ်နဲ့ တွဲဖက်သရုပ်ဆောင်ထားခဲ့တာဖြစ်ပြီး ရိုက်ကွင်းမှာ မေလနဲ့အတူ ရိုက်ကူးထားတဲ့ပုံလေးနဲ့ “ညီမလေး မေလသံစဉ်နဲ့ သီချင်းလေးတစ်ပုဒ် ရိုက်ကူး” ဆိုပြီ ဖော်ပြလာခဲ့တာပါ။

ပရိသတ်ကြီးတွေကတော့ တကယ်ကို လိုက်ဖက်ညီပြီး ချစ်စရာကောင်းလှတဲ့ နက္ခတ်နဲ့ မေလတို့ရဲ့ သရုပ်ဆောင်မှုတွေကိုကြည့်ရှု့ချင်နေပြီဖြစ်ကြောင်းလည်း ပြောကြားထားခဲ့ကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း သီချင်းဗီဒီယိုလေးထွက်ရှိလာရင် အားပေးကြပါဦးနော်။

Souce – နက္ခတ်
Chilli – CeleGabar

-Zawgyi Font ဖြင့်ဖတ်ရန်-





Souce – နက္ခတ်
Chilli – CeleGabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x