ချစ်သူ ခင်လွှမ်းရဲ့ မွေးနေ့အတွက် အမိုက်စား ပတ္တမြားလက်စွပ်ကို လက်ဆောင်ပေးလိုက်တဲ့ စည်ဖြိုး

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားချော စည်ဖြိုးနဲ့ မင်းသမီးချောလေး ခင်လွှမ်းတို့ စုံတွဲလေးကတော့ ပရိသတ်တွေကတော့ သဘောတူနေကျတဲ့ အနုပညာရှင်စုံတွဲတွေထဲမှာ တစ်တွဲအနေနဲ့ အပါအဝင်ပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုအပြည့်နဲ့ ဂရုတစိုက်ရှိမှုတွေကြောင့် ပရိသတ်တွေကတော့ သဘောကျနေရတဲ့ စုံတွဲလေးလည်းဖြစ်ပါတယ်။

ဒီနေ့မှာလည်း စည်ဖြိုးက ခင်လွှမ်းရဲ့ မွေးနေ့လေးအတွက်ကို သတိတရနဲ့ လက်စွပ်လေးမွေးနေ့လက်ဆောင်ပေးလိုက်ပါတယ်။ လက်စွပ်လေးကတော့ မျက်လုံးပုံစံလက်စွပ်လေးဖြစ်ပြီး ခင်လွှမ်းရဲ့ Birth Month stone ဖြစ်တဲ့ ပတ္တမြားနဲ့ပြုလုပ်ထားတဲ့ အဆောင် လက်စွပ်လေးပဲဖြစ်ပါတယ်။အခုလိုမွေးနေ့လက်ဆောင်လေးကို သေသေချာချာလေး ပြင်ဆင်ပြီး Surprise လက်ဆောင်ပေးတာကြောင့် ခင်လွှမ်းက စည်ဖြိုးကို ကျေးဇူးတင်ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားခဲ့ပါသေးတယ်။

အခုလို မွေးနေ့လက်ဆောင်လေးကို ခင်လွှမ်းရဲ့ Birth Month stone လေးဖြစ်တဲ့ ပတ္တမြားလေးနဲ့ သေသေချာချာလေး ဂရုတစိုက်နဲ့ အလေးထားလုပ်ပေးတာလေးက ခင်လွှမ်းကို အချစ်ပိုစေမှာတော့ အမှန်ပါပဲ။ CeleGabar ပရိသတ်ကြီးရေ စည်ဖြိုးလို ဂရုစိုက်တတ်တဲ့ ချစ်သူရထားတာ ခင်လွှမ်းကတော့ တကယ်ကံကောင်းတာပဲနော်။

Chilli – CeleGabar
Source – Khin Hlwan

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x