မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့်အတွက် ဂုဏ်ပြုတေး သီဆိုခွင့်ရရှိခဲ့တဲ့ အေးမြဖြူ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် အေးမြဖြူကတော့ လက်ရှိမှာ အောင်မြင်တဲ့ အဆိုတော် တစ်ယောက်အနေနဲ့ ရပ်တည်ဖို့အတွက် ကြိုးစားနေတာလည်း ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ မကြာသေးခင်ကလည်း သူ့ရဲ့ပထမဆုံးကိုယ်ပိုင်သီချင်းလေးကထွက်ရှိလာခဲ့ပြီး ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ သီချင်းလေးတစ်ပုဒ်လည်း ဖြစ်ခဲ့ပါသေးတယ်။

အေးမြဖြူကတော့ အသက်ငယ်သေးပေမဲ့လည်း အဆိုပိုင်းမှာ ပါရမီပါလွန်းလှတာကြောင့် ဘယ်လို သီချင်းအမျိုးအစားကို မဆိုပိုင်နိုင်အောင် သီဆိုနိုင်တဲ့ မျိုးဆက်သစ်တစ်ယောက်လို့တောင်ဆိုရမှာအမှန်ပါပဲ။ အထူးသဖြင့် လူငယ်တွေဆိုဖို့ ခက်ခဲလွန်းတဲ့ မြန်မာသံတွေကို ပိုင်နိုင်အောင် သီဆိုနိုင်တာကတော့ အေးမြဖြူရဲ့ သူမတူတဲ့ အားသာချက်တစ်ခုပါ။

လတ်တလောမှာလည်း မြန်မာသံကို ပိုင်နိုင်လှတာကြောင့် မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်ပွဲအတွက် “ကျွန်မချစ်သော မြန်မာ့ရုပ်ရှင်” ဆိုတဲ့ သီချင်းကို ဂုဏ်ပြုတေးအနေနဲ့ သီဆိုခွင့်ကို အေးမြဖြူက ရရှိခဲ့ပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ အခုလို ရုပ်ရှင် နှစ်တစ်ရာပြည့်ပွဲမှာ ဂုဏ်ပြုသီချင်းသီဆိုခွင့်ရတဲ့ အေးမြဖြူအတွက် သူ့ရဲ့ပရိသတ်တွေ ဂုဏ်ယူလို့ရအောင်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Chilli – CeleGabar
Source – AYE MYA PHYU

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x