သမီးလေးမွေးပေးတဲ့အတွက် ဇနီးဖြစ်သူကြိုက်တဲ့ ရတနာပစ္စည်းကို Suprise လက်ဆောင်ပေးလိုက်တဲ့ ဆန်းသစ်လရဲ့ခင်ပွန်း

Posted on

ဆန်းသစ်လကိုတော့ တေးသံရှင်မေရွက်ဝါရဲ့သမီးအဖြစ်သာမက အဆိုတော်တစ်ယောက်အနေနဲ့ပါ သိကြမှာပါ။ ဆန်းသစ်လကတော့ သီချင်းလေးတွေနဲ့ ပရိသတ်ကိုဖမ်းစားခဲ့ပေမဲ့ အခုအချိန်မှာတော့ အိမ်ထောင်ပြုထားပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာပါ။ ဆန်းသစ်လကတော့ မကြာခင်မှာသမီးလေးဖြစ်သူကို မွေးဖွားတော့မှာလည်းဖြစ်ပါတယ်။


ခင်ပွန်းဖြစ်သူကတော့ သမီးလေးမွေးပေးတဲ့အတွက် Surprise လက်ဆောင်လေးကို ပေးခဲ့တာပါ။ အဲ့ဒီအကြောင်းကို သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “မိန်းမအတွက်တဲ့ကြွေပြီလေယောကျာ်းရယ်…အဲ့ကျောက်လေးကြိုက်တယ်လို့ပဲပြောမိလိုက်တာ ရွှေလမသိအောင်တိတ်တိတ်လေး ပန်းတိမ်မှာအပ်ထားပြီး surprise လုပ်သေးတာ အသေးစိတ်ကအစ မိန်းမအပေါ်မှာဂရုစိုက်ပေးချစ်ပေးလို့ ကျေးဇူးလည်းအရမ်းတင်သလို အရမ်းလည်းချစ်ပါတယ်ယောကျာ်းရေ” ပြီးတော့ ရေးသားထားတာပါ။


ဆန်းသစ်လတို့စုံတွဲကတော့ ချစ်သူဘဝမှာကတည်းကအရမ်းကိုချစ်ကြပြီး Ro ကြတဲ့စုံတွဲအနေနဲ့အားကျရတာပါ။ လက်ရှိမှာအိမ်ထောင်ပြုသွားပြီဖြစ်ပေမဲ့ တစ်ယောက်ကိုတစ်ယောက်ချစ်ကြတဲ့အပြုအမူတွေကတော့ အခြားသူတွေကိုပါ ကြည်နူးစေတာပါ။ ခင်ပွန်းဖြစ်သူကတော့ သမီးလေးမွေးပေတဲ့အတွက် Surprise လက်ဆောင်ကို တိတ်တိတ်လေးစီစဉ်ထားခဲ့တာပါတဲ့နော်…


Source : SanThitLa