သူ့ရဲ့တစ်ရက်တာဖြတ်သန်းမှုလေးကို ပရိသတ်တွေကိုပြန်လည်မျှဝေလာတဲ့ ဝင်းခန့်မိုး

ဝင်းခန့်မိုးကတော့ ပရိသတ်အချစ်တော်ဝါရင့်မင်းသမီးကြီးချိုပြုံးရဲ့မြေးဖြစ်သလို အနုပညာလောကထဲဝင်ရောက်လာတဲ့တက်သစ်စတစ်ယောက်လည်း ဖြစ်ပါတယ်။ ဝင်းခန့်မိုးကို ရွှေကြိုတစ်ယောက်အဖြစ်ပရိသတ်တွေစတင်သတိထားမိခဲ့ပြီး အခုဆိုရင်တော့ အနုပညာအလုပ်တွေတောက်လျှောက်လုပ်ကိုင်လာတာကြောင့် ပရိသတ်အခိုင်အမာရလာပြီလည်း ဖြစ်ပါတယ်။


ဝင်းခန့်မိုးကတော့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေသလို ကြော်ငြာရိုက်ကူးရေးတွေလည်း လုပ်နေရသူပါ။ သူကတော့ သူ့ရဲ့တစ်နေ့တာလှုပ်ရှားမှုကို ပရိသတ်တွေကို သူ့ရဲ့ဖေ့ဘွတ်ခ်ကတစ်ဆင့်မျှဝေလာခဲ့ပါပြီ။ “ကျွန်တော် ရဲ့ တစ်ရက်တာ” ဆိုတဲ့ခေါင်းစဉ်နဲ့ မနက်ကတည်းကစောစောထပြီး အနုပညာအလုပ်တွေလုပ်ကာတစ်နေ့တာဖြတ်သန်းဖြစ်ပုံကို ဗီဒီယိုလေးနဲ့အတူမျှဝေထားတာလည်း ဖြစ်ပါတယ်။

ဝင်းခန့်မိုးကတော့ မင်းသမီးကြီးချိုပြုံးရဲ့အနုပညာမျိုးတက်တစ်ယောက်ဖြစ်သလို အနုပညာအရည်အသွေးရှိတဲ့သူတစ်ယောက်ဆိုတာလည်း ငြင်းမရပါဘူး။ လက်ရှိအချိန်မှာလည်း ကြော်ငြာရိုက်ကူးရေးတွေလုပ်နေရပြီး အသစ်ထွက်ရှိလာမဲ့ဇာတ်ကားတွေလည်း ရှိနေတာပါ။ ဝင်းခန့်မိုးကတော့ “လရဲ့အောက်ဘက်မိုင်အဝေးမှာ” ဆိုတဲ့ဇာတ်ကားနဲ့ “Yangon In Love” ဆိုတဲ့ဇာတ်ကာတွေလည်း ထွက်ရှိလာဦးမှာပါ ပရိသတ်ကြီးရေ…
Source : WinKhantMoe

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x