ချစ်စမ်းမောင်နဲ့အတူတူ သီချင်းတွေဖန်တီးနေတဲ့ နေလင်းကျော်

Posted on

နေလင်းကျော်ကတော့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိထားတဲ့ သူတစ်ယောက်ပါ။ လက်ရှိမှာတော့ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်အောင်ကြိုးစားနေပြီး ကိုယ်ပိုင်သီချင်းတွေ ထွက်ရှိလာဖို့ကိုလည်း နေလင်းကျော်က အင်တိုက်အားတိုက် ကြိုးစားနေပါသေးတယ်။

လတ်တလောမှာတော့ နေလင်းကျော်က သီချင်းကောင်းလေးတွေကို ဆရာ ချစ်စမ်းမောင်နဲ့ အတူ ဖန်တီးနေတဲ့ အကြောင်း သူ့ရဲ့ ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။ “ဒီနေ့ ကျွန်တော် အရမ်းပျော်တယ်။ ကျွန်တော် ငယ်ငယ်တည်းက ခုချိန်ထိ လေးစားအားကျခဲ့ရတဲ့ ကျွန်တော့်ရဲ့Guitar Hero ဆရာချစ်စမ်းမောင်နဲ့ အတူ အလုပ်တွဲလုပ်ခွင့်ရတဲ့ အတွက် အရမ်းဝမ်းသာမိပါတယ် “လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။

နေလင်းကျော်ရဲ့ ကိုယ်ပိုင်သီချင်းလေးတွေက Mixing ပြီးသွားပြီဖြစ်တဲ့အကြောင်းကိုလည်း ဖော်ပြထားပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေထဲက နေလင်းကျော်ရဲ့ ပရိသတ်တွေအတွက် နေလင်းကျော်ရဲ့ သီချင်းတွေမကြာခင်အချိန်မှာ နားဆင်ခံစားရတော့မှာဖြစ်တဲ့ ဒီသတင်းကောင်းလေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Chilli – CeleGabar
Source – Nay Lin Kyaw