အမာခံပရိသတ်တွေကြောင့် ဘဝက ပိုပြီးပြည့်စုံလာရတယ်ဆိုတဲ့ ရွှေပိုးအိမ်

မင်းသမီးချောလေးရွှေပိုးအိမ်ကတော့ ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်ပြီး အနုပညာအရည်အချင်းပြည့်ဝသူတစ်ယောက်မို့ အနုပညာလမ်းကြောင်းပေါ်မှာ အနေအထားတစ်ခုနဲ့ရပ်တည်နေနိုင်သူတစ်ယောက်ပါ။ ဒါ့အပြင် စိတ်ထားမွန်မြတ်ပြီး ရရှိလာတဲ့အနုပညာကြေးထဲက တချို့တစ်ဝက်ကို အမြဲလိုလိုလှူဒါန်းလေ့ရှိသူမို့ ပရိသတ်တွေရဲ့လေးစားချစ်ခင်ခြင်းကို ရရှိထားသူလည်း ဖြစ်ပါတယ်။

ပရိသတ်တွေကို အလေးအနက်ထားသလို အမာခံပရိသတ်အင်အားလည်းတောင့်တင်းတဲ့ရွှေပိုးကတော့ ဘာပဲလိုလိုဖြည့်ဆည်းပေးတတ်တဲ့ ပရိသတ်တွေကြောင့် အမြဲလိုလိုပျော်ရွှင်နေရတဲ့ မင်းသမီးလေးဆိုရင်လည်း မမှားပါဘူး။ မွေးနေ့တိုင်းကို ပရိသတ်တွေနဲ့ဖြတ်သန်းလေ့ရှိတဲ့အပြင် သူတို့တွေကြောင့်ပဲ ဘဝကပိုစိုပြေလာရကြောင်းကို ” (၁၅.၈) ကို အမြန်ရောက်ချင်ပြီ…. သူတို့ကို လွမ်းနေတာကိုမပြောပြဖြစ်ခဲ့ဘူး ရောဂါတွေကြားထဲ ရန်ကုန်ကိုလာနေရမှာစိုးလို့… အရင်ကဆိုမွေးနေ့ ရောက်တိုင်း ပိုအားငယ်ခဲ့တာ ငိုခဲ့ရတာ…. Fan တွေနဲ့ ဖြတ်သန်းရတဲ့ မွေးနေ့တွေက စပြီး… ဘဝက ပိုပြည့်စုံလာတယ်…. ပိုပျော်လာတယ်
ကျေးဇူးတင်ပါတယ်နော် fan တစ်ယောက်ချင်းစီကို…. မန်းလေး စစ်ကိုင်းနဲ့ နိုင်ငံခြားမှာရောက်နေတဲ့ fan တွေနဲ့ ဒီနှစ်မတွေ့ရတော့လို့ မျက်ရည်ကျရသေးတယ်” ဆိုပြီး ရေးသားမျှဝေလာပါတယ်။

ပရိသတ်ကြီးရေ မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ လာမယ့်လမှာ ကျရောက်မယ့်သူ့ရဲ့မွေးနေ့မှာ ချစ်ခင်ရတဲ့ပရိသတ်တွေနဲ့ အတူတူဖြတ်သန်းသွားမယ့်အပြင် သူတို့တွေကြောင့်ပဲ ဘဝကပိုပြည့်စုံပျော်ရွှင်လာရကြောင်း ရင်ထဲကခံစားချက်တွေကို မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။


Source – Shwe Poe Eain
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x