ဆိုင်ကယ်ချစ်သူတစ်ယောက်ဖြစ်ကြောင်း ဗွီဒီယိုလေးနဲ့သက်သေပြလိုက်တဲ့ တိုင်ရွန်

Posted on

နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်အမိုက်စားမင်းသားတစ်လက်ဖြစ်တဲ့ တိုင်ရွန်ကိုတော့ မကြာခဏဆိုသလို အမိုက်စားပုံရိပ်တွေနဲ့ တွေ့မြင်ရမှာပါ။ သူ့ရဲ့ပုံတွေထဲမှာဆိုရင်လည်း ခမ်မိုက်မိုက်ဆိုင်ကယ်တွေနဲ့ရိုက်ကူးလေ့ရှိတာကို အများဆုံး တွေ့မြင်ရမှာပါ။

ဆိုင်ကယ်ချစ်သူတစ်ယောက်ဖြစ်ပေမယ့်လည်း ရန်ကုန်မှာအနေများသူမို့ စိတ်ရှိတိုင်းဆိုင်ကယ်စီးခွင့်မရတဲ့တိုင်ရွန်ကတော့ မနေ့ညက သူအသစ်ဝယ်ထားတဲ့ဆိုင်ကယ်နဲ့အတူ ” Good night …..အိပ်မက်ထဲက မင်းက ခုတော့ဘေးနားရောက်လာပြီ တစိမ့်စိမ့်ကြည့်ပြီးအိပ်မပျော်တော့ဘူး” ဆိုပြီးရေးသားမျှဝေခဲ့တဲ့အပြင် ဒီနေ့မှာ ဆိုင်ကယ်ကိုအရမ်းချစ်ကြောင်း ဗွီဒီယိုလေးနဲ့ ဖော်ပြလာပါတယ်။

ဆိုင်ကယ်ချစ်သူပေမယ့် စီးစရာနေရာမရှိတဲ့တိုင်ရွန်ကတော့ အခန်းထဲမှာ အိမ်သာသွားလည်း စီးကြောင်း ဟာသအနေနဲ့ ရိုက်ကူးကာမျှဝေခဲ့တာပါ ။ ဆယ်လီကမ္ဘာပရိသတ်ကြီးထဲမှာရော တိုင်ရွန်လို ဆိုင်ကယ်ချစ်သူတွေရှိလား မှတ်ချက်ပေးခဲ့ပါဦးနော်။

Source – Tyron Bejay
Rainbow- Cele Gabar