သီချင်းအသစ်ရဲ့အကြမ်းစားဗီဒီယို Teaser ကိုထုတ်ပြလိုက်တဲ့ ရွှေထူးနဲ့ရွှေမှုံရတီ

Posted on

ပရိသတ်ချစ်ရတဲ့အနုပညာရှင်စုံတွဲတွေထဲမှာတော့ ရွှေထူးနဲ့ရွှေမှုံရတီတို့စုံတွဲလည်း ပါဝင်နေတာပါ။ ရွှေထူးကတော့ သရုပ်ဆောင်ဘက်ကိုကူးပြောင်းလာသလို ရွှေမှုံကလည်း ခင်ပွန်းဖြစ်သူနဲ့အတူ သီချင်းအသစ်တွေဖန်တီးနေခဲ့တာပါ။ အခုလည်း သီချင်းအသစ်တစ်ပုဒ်ဖြစ်တဲ့ “မိုးစက်များကပြောသော” ဆိုတဲ့သီချင်းကို အသစ်ဖန်တီးထားတာဖြစ်ပြီးပရိသတ်တွေဆီကိုမကြာခင်မှာချပြသွားတော့မှာပါ။


သီချင်းအသစ်ကိုတော့ ဇူလိုင်လ(၁၂)ရက်နေ့မှာ ပရိသတ်တွေဆီကိုချပြမှာဖြစ်ပြီး ဒီနေ့မှာတော့ Teaser လေးကို ထွက်ရှိလာခဲ့တာပါ။ Teaser ထဲက အသက်ဝင်တဲ့အကြမ်းစားသရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေကတော့ သီချင်းကိုပိုမိုစိတ်ဝင်စားလို့နေ့ပါပြီ။ လက်တွေ့ဘဝမှာကြုံရတတ်တဲ့ပုံစံမျိုးကို သဘာဝကျကျသရုပ်ဆောင်ထားတဲ့ ရွှေထူးနဲ့ရွှေမှုံတို့စုံတွဲရဲ့ သရုပ်ဆောင်ချက်တွေနဲ့ သီချင်းအမိုက်စားထွက်ရှိလာတော့မှာတော့ သေချာနေပါပြီ။

ရွှေထူးနဲ့ရွှေမှုံကတော့ အမှား သီချင်းကို အတူတူဖန်တီးချိန်မှာလည်း ပရိသတ်အကြိုက်တွေ့ကာ အောင်မြင်တဲ့သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ အခုလည်း “မိုးစက်များကပြောသော” သီချင်းကတော့ ဘယ်လိုအမိုက်စားဖြစ်ဦးမလဲဆိုတာရင်ခုန်စရာပါပဲနော်…
Source : ShweHtoo