ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် ဆုန်သင်းပါရ်ကတေ့ လတ်တလောမှာ ကလေးတစ်ယောက်ရဲ့ ဘဝကို ကယ်တင်တဲ့ အလှူလေးတစ်ခုကိုလုပ်ခဲ့ပါတယ်။ ဆုန်သင်းပါရ်ကတော့ (၇)လအရွယ် နှလုံးခွဲစိပ်မှုခံယူရမယ့် ကလေးငယ်အတွက် နှလုံးခွဲစိတ်ကုသမှုပြုလုပ်နိုင်ဖို့ ဆေးကုသစရိတ်အတွက် အလှူငွေ (၉)သိန်းကို မတည်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။
ဆုန်သင်းပါရ်ခွဲစိတ်ကုသမှုစရိတ်လှူဒါန်းပေးခဲ့တဲ့ (၇)လအရွယ်ကလေးလေးကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၉)ရက်နေ့က ရန်ကင်းကလေးဆေးရုံမှာ နှလုံးခွဲစိတ်မှုခံယူခဲ့ပြီး ခွဲစိတ်ကုသမှုကအောင်မြင်ခဲ့တယ်လို့လည်း သိရှိရပါတယ်။ပရိသတ်တွေကတော့ ဆုန်သင်းပါရ်ရဲ့ ခွဲစိတ်ကုသစရိတ်လှူဒါန်းပေးပြီး ကလေးတစ်ယောက်ရဲ့ ဘဝကို ကယ်တင်ခဲ့တဲ့ လုပ်ရက်ကို ချီးကျူးနေခဲ့ကြပါသေးတယ်။
ပရိသတ်တွေ ချီးကျူးနေရတဲ့ ဆုန်သင်းပါရ်ရဲ့ လှူဒါန်းမှုလေးကလည်း တကယ်ကိုလည်း ချီးကျူးသင့်တဲ့ လုပ်ရက်လေးတစ်ခုပါပဲ။ Celegabar ပရိသတ်ကြီးတွေလည်း ဆုန်သင်ပါရ်ရဲ့ မွန်မြတ်လှတဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုလို့ရအောင် CeleGabar ကနေပြန်လည် မျှဝေဖော်ပြပေးလိုက်ပါတယ်။ သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Chilli – CeleGabar
Source – Dingdi Dream