ပရိသတ်ကြီးရေ ဒီနေ့ ဇူလိုင်လ (၁၁)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေး မိုးယုစံရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ မွေးနေ့ရက်လေးမှာတော့ မိုးယုစံက သူ့ရဲလူမှုကွန်ရက်စာမျက်နှာကနေ “Happy birthday to me. ဒီနှစ်မွေးနေ့ကတော့အမှတ်တရပါပဲ သတင်းထူးလေးပါပါတယ်လို့ ” ဆိုပြီးဖော်ပြထားခဲ့ပါတယ်။
ပရိသတ်တွေကတော့ သတင်းထူးလေးနဲ့ ပတ်သက်လို့ စိတ်ဝင်စားနေခဲ့ကြပြီး သတင်းထူးလေးကို အလင်းပြဖို့ တောင်းဆိုနေကြပါသေးတယ်။ မိုးယုစံရဲ့ ခင်ပွန်းကလည်း ချစ်ဇနီးလေးမိုးယုရဲ့ မွေးနေ့လေးအတွက် မွေးနေ့ဆုတောင်းစကားလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဆုတောင်းပေးထားခဲ့ပြီး ဆုတောင်းစကားလေးနဲ့ အတူ ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ သတင်းထူးလေးအကြောင်းကိုပါထည့်ပြောပြလာခဲ့ပါတယ်။
သတင်းထူးလေးကတော့ ပရိသတ်တွေရဲ့အချစ်တော် မိုးယုစံတစ်ယောက် သားသားလေး အပြင် ဒုတိယမြောက်ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတာပဲဖြစ်ပါတယ်။ Congratulations ပါမိုးယုရေ။ ဒီနှစ်မွေးနေကလေးကတော့ မိုးယုစံအတွက် ပျော်ရွှင်စရာမွေးနေ့လေးဖြစ်နေမှာအမှန်ပါပဲ Celegabar ပရိသတ်ကြီးရေ။
Chilli – CeleGabar
Source – Moe Yu San , Swam Thu