ရွာ(၄)ရွာ စတုဒီသာကျွေးအလှူကြီးပေးခဲ့တဲ့ မေကဗျာ

Posted on

ပရိသတ်ကြီးရေ မေကဗျာကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီးချော်လေးတစ်လက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးကိုလုပ်ကိုင်နေပြီး အလှူအတန်းတွေလည်း ပြုလုပ်ကာ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေခဲ့ပါတယ်။

ဒီနေ့ ဧပြီလ (၄)ရက်နေ့လေးမှာ စတုဒီသာအလှူကြီးတစ်ခု လှူဒါန်းခဲ့ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေကို ပီတိတွေဖြစ်ကာမျှဝေလာခဲ့ပါတယ်။ အလှူလေးကတော့ မနေ့က ဧပြီလ (၃)ရက်နေ့မှာပြုလုပ်ခဲ့တာဖြစ်ပြီး “မင်းအိုရှင်ဘုရားတွင်ဘုရားထီးတင်ပွဲမှာ မေကဗျာက အဘ ဗိမာန်နှင့်အဘရုပ်ထု လှူဒါန်းရေစက်ချ အလှူပွဲလေး”ပြုလုပ်ရင်နဲ့အတူ

အနီးအနားက ရွာ(၄)ရွာ စတုဒီသာကျွေးမွေးလှူဒါန်းတဲ့ အလှူကြီးပေးခဲ့တာပဲဖြစ်ပါတယ်။ မေကဗျာကတော့ ဒီအလှူလေးတွေအားလုံးက (၇)ရက်သမီး ပရိသတ်တွေအားလုံးရဲ့ အလှူလေးဖြစ်တာကြောင့် ပရိသတ်တွေလည်း ထပ်တူ ကုသိုလ်ပီတိတွေရရှိစေဖို့ အလှူမှတ်တမ်းပုံရိပ်လေးတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေထားခဲ့ပါတယ် CeleGabar ပရိသတ်ကြီးရေ။

Source – May Kabyar
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – May Kabyar
Chilli – CeleGabar