အစ်ကိုဖြစ်သူ ဒွေးကိုလွမ်းဆွတ်တမ်းတနေတဲ့ သားညီ

Posted on

ပရိသတ်ကြီးရေ ဒီနေ့ ဇူလိုင်လ (၁၁)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်ခဲ့တဲ့ သရုပ်ဆောင် ဒွေးကွယ်လွန်တာ (၁၃)နှစ်ပြည့်တဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ သားညီကတော့ ဒွေးရဲ့ ကွယ်လွန်းခြင်း (၁၃)နှစ်ပြည့် နေ့လေးမှာ ဒွေးကိုသတိရလွမ်းဆွတ်ကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့ပါတယ်။

“11.7.2020 (13) နှစ် ရှိသွားပြီ အစ်ကို။ အချိန်တွေတော်တော်ကြာသွားခဲ့ပြီ။ အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော် နည်းနည်းတော့ ခံနိုင်ရည်ရှိလာပါပြီ။ နေ့တိုင်း လွမ်းမနေတော့ဘူး။ နေ့တိုင်း ပူဆွေးမနေတော့ဘူး။ အစ်ကို့ ရုပ်ရှင်ကားတွေလာရင် ခဏတစ်ဖြုတ် ရပ်ကြည့်နိုင်လာပြီ။ ရယ်စရာလေးတွေပါရင် လိုက်ရယ်နိုင်လာပြီ။ ကျွန်တော်တို့ အတူရိုက်ခဲ့တဲ့ ကားတွေဆို အဲ့ဒီအချိန်က အမှတ်တရ အဖြစ်အပျက်တွေ သူများတွေကို အေးအေးဆေးဆေး ပြန်ပြောပြနိုင်နေပြီ။

ကားမောင်းသွားရင်း Radio က အစ်ကို့သီချင်းတွေလာရင် အရင်က ချက်ချင်းပိတ်ပစ်တတ်ပေမဲ့ အခုဆို ခပ်တိုးတိုးလေး လိုက်ညည်းနိုင်လာပြီ။ အစ်ကို့ ကို စိတ်ထဲမှာ မရှိတော့တာ မဟုတ်ဘူးနော်။ အခြေအနေတစ်ခုကို တစ်ဖြေးဖြေး လက်ခံလာနိုင်တာပါ။ ဒါပေမဲ့ ဒါဏ်ရာတွေနဲ့လဲကျပြီး ဘာဆက်လုပ်ရမှန်းမသိပဲ လမ်းပျောက်နေတဲ့ အချိန်မျိုးတွေ ရုတ်တစ်ရက် တိုက်ဆိုင်မှု တစ်ခုခု ကြုံလာတဲ့ အခါမျိုးတွေဆိုရင်တော့ အစ်ကို့ကို လွမ်းတဲ့စိတ်နဲ့ ကျွန်တော် ဟန်မဆောင်နိုင်ဘူး အစ်ကို အခုအချိန်အထိ ကလေးတစ်ယောက်လို ရှိုက်ကြီးတငင် ငိုနေမိတုန်းပါပဲ။

အသက်လေးဆယ်ကျော် ယောကျာၤးတစ်ယောက်မှာလည်း ပျော့ညံ့မိတဲ့ အချိန်တွေရှိနိုင်တာပဲလေနော်။ အခုလည်း လွမ်းနေတယ် အစ်ကို ဒီနေ့လေးမှာ ကျွန်တော် အစ်ကို့အတွက် တတ်နိုင်သလောက်လေး ကုသိုလ်ပြုပေးပါ့မယ်။ အစ်ကို ရောက်ရာ ဘုံဘဝက သာဓု ခေါ်ပါနော်။ သားညီ ။” လို့ ဖော်ပြလာခဲ့တာပါ။ CeleGabar ပရိသတ်ကြီးတွေထဲမှာတော့ (၁၃)နှစ်တိုင် ဒွေးကို သတိတရရှိနေခဲ့တဲ့ ပရိသတ်တွေရှိလား။

Chilli – CeleGabar
Source – Thar Nyi