ပရိသတ်ကြီးရေ လူမင်းကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် ဝါရင့် သရုပ်ဆောင် ဒါရိုက်တာတစ်ယောက်ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လကတော့ ဖမ်းဆီချုပ်နှောင်ခံရခြင်းကနေ လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ပရိသတ်တွေလည်း ဝမ်းသာနေခဲ့ကြရပါသေးတယ်။
ဒီနေ့မှာတော့ ပရိသတ်တွေရဲ့အချစ်တော်လူမင်းက ပြန်လည်လွတ်မြောက်လာပြီးနောက်မှာ သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ လူမင်းက ကြုံတွေ့ရတဲ့ အခက်အခဲတွေကြောင့် နေသားကျဖို့ကြိုးစားနေခဲ့ပြီး ပရိသတ်တွေနဲ့ပြန်လည်ထိတွေ့ချင်းမရှိပေမဲ့ ဒီနေ့မှာတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကိုပြန်လည်အသုံးပြုခဲ့ပါတယ်။
လူမင်းက ဒီနေ့ ဧပြီလ (၄)ရက်နေ့မှာ ရဟန်းခံအလှူလေးပြုလုပ်ခဲ့ပြီး သားဖြစ်သူနဲ့အတူ သာသနာဘောင်ဝင်ရောက်ခဲ့တဲ့ ပုံလေးကို လူမှုကွန်ရက်ပြန်လည်အသုံးပြု ပြုခြင်း ပထမဆုံးတင်လိုက်တာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီတွေထဲက လူမင်းရဲ့ ပရိသတ်တွေအတွက် လူမင်းနဲ့ ဒီသတင်းလေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
Source – Lu Min
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-
သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တဲ့ ပရိသတ်အချစ်တော် လူမင်း
Source – Lu Min
Chilli – CeleGabar