ဝီလျှံထွန်းရဲ့ မွေးနေ့အတွက် အမိုက်စားမွေးနေ့ဆုတောင်းပေးလိုက်တဲ့ ရဲရင့်သော်

Posted on

ပရိသတ်ကြီးရေ ဒီနေ့ ဇူလိုင်လ (၁၁)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော် Project K အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဝီလျှံထွန်းရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ ဝီဝီရဲ့မွေးနေ့လေးအတွက်ကိုတော့ Project K အဖွဲ့ဝင်တွေနဲ့ ဝီဝီရဲ့ ပရိသတ်တွေက မွေးနေ့ ဆုမွန်ကောင်းတွေတောင်းပေးထားကြပါသေးတယ်။

မွေးနေ့ဆုမွန်ကောင်းတွေ အသီးသီးတောင်းပေးကြတဲ့ထဲမှာမှ ရဲရင့်သော်ကတော့ “ငှက်ပျော်သီး မယ်တော်ပါ။ ပူဇော်ပသရင် အဆဲခံရပါတယ်။ မပူဇော်လည်း အဆဲခံရပါတယ်။ လေရှူရင်တောင် အဆဲခံရပါတယ်။ အဆဲမခံရချင်ရင်တော့ တစ်ပတ် (၂)လုံး မယ်တော့်မျက်နှာကိုသွားပေါက်ပေးပါ။ Happy Birthday ပါမယ်တော်။ ဖွဘုတ်အပြင်ဘက်ကနေစပြီး နောက်ထပ် (၅၈) ဘဝလုံး ဘယ်ဘဝရောက်ရောက် တောင်းဆုတွေ ပြည့်ပြီး ပျော်ရွှင်ရပါစေဗျာ။ မှားတာရှိ ဝန်ဒါမိ ကန်တော့” လို့ ဆေးပုံလေးနဲ့ မွေးနေ့ဆုတောင်းပေးလိုက်တာပဲဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ရဲရင့်သော်ရဲ့ ဝီဝီမွေးနေ့အတွက် ဆေးထိုးမှုကြီးကို သဘောကျနှစ်သက်နေခဲ့ကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း ဒီနေကမှာမွေးနေ့ကျရောက်တဲ့ ပရိသတ်အချစ်တော် ဝီလျှံထွန်းရဲ့ မွေးနေ့လေးအတွက်ကို မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦး ပရိသတ်ကြီးရေ

Chilli – CeleGabar
Source – Ye Yint Thaw