တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားတဲ့မင်းသားတစ်လက်အနေနဲ့ ရပ်တည်ခဲ့တဲ့ မင်းသားကြီးကျော်ဟိန်းကတော့ ဒီနေ့မနက် (၉)နာရီ (၂၇) မိနစ်မှာပဲ ဆုံးပါးသွားပြီဖြစ်ပါတယ်။ ဦးကျော်ဟိန်းကတော့ အနုပညာလောကကနေ အနားယူခဲ့ကာ သြစတေးလျနိုင်ငံ ကင်မ်ဘာရာ မြို့မှာ ဦးကိတ္ထိသာရ ဘွဲ့နဲ့ သီတင်းသုံးလျက်ရှိပြီး ဒီနေ့မှာတော့ ပျံလွန်တော်မူခဲ့ပြီဖြစ်ပါတယ်။
ထူးခြားတိုက်ဆိုင်စွာပဲ ဒီနေ့ကတော့ တူဖြစ်သူ ဒွေးဆုံးတဲ့ (၁၃) နှစ်ပြည့်လေးပဲ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်လောကမှာ သဘာဝမင်းသားတွေအနေနဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေသိမ်းပိုက်ခဲ့တဲ့ တူဝရီးနှစ်ယောက်စလုံး တနေ့တည်းမှာ ကွယ်လွန်ခဲ့တာကတော့ တကယ်ကို တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ရပ်ပါပဲ ပရိသတ်ကြီးရေ….
သက်တော်(၇၃) နှစ်မှာပဲ ဦးကိတ္ထိသာရ တစ်ဖြစ်လဲ မင်းသားကြီးဦးကျော်ဟိန်းကတော့ ပျံလွန်တော်မူသွားပြီ ဖြစ်တဲ့အကြောင်း ဆယ်လီကမ္ဘာပရိသတ်ကြီးကို စိတ်မကောင်းစွာနဲ့ မျှဝေလိုက်ပါတယ်နော်။
Rainbow- Cele Gabar