” ဖခင်ကြီးအပါအဝင် သူမ မြတ်နိုးတန်ဖိုးထားရတဲ့အရာတွေကို သတိရလွမ်းဆွတ်မိတာကြောင့် တနေ့တော့ပြန်ဆုံချင်သေးကြောင်း ဝမ်းနည်းစွာရင်ဖွင့်လာတဲ့ ဖွေးဖွေး”

Posted on

CeleGabarပရိသတ်ကြီးရေ ဖွေးဖွေးကတော့ အကယ်ဒမီသုံးဆုပိုင်ရှင်မင်းသမီးတစ်လက်ပါ။ ရုပ်ရှင်ဇာတ်ကားတိုင်းကို စိတ်နှစ်ပြီးရိုက်ကူးတတ်တဲ့ဖွေးဖွေးကိုပရိသတ်​တွေကချစ်စနိုးနဲ့ဖွေးစိန်လေးလို့လည်းခေါ်ကြပါသေးတယ်။ သူမရိုက်ကူးလိုက်တဲ့ဇာတ်ကားတိုင်းမှာ ဘယ်လိုဇာတ်ရုပ်လာလာပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ထိပ်တန်းမင်းသမီးတစ်လက်ပါ။

 

လက်ရှိမှာတော့ ပုဒ်မ၅၀၅နဲ့ ရှောင်တိမ်းနေရတဲ့အနုပညာရှင်တွေထဲကတစ်ယောက်ဖြစ်ပြီး သုမရှောင်တိမ်းနေချိန်မှာပဲ ဖခင်ကြီးကရုတ်တရက်ဆုံးပါးသွားခဲ့တာပါ။ ဒီနေ့မှာလည်း ဖွေးစိန်လေးကတော့” 🤍🫂အဖေ့အကြောင်းအိပ်မက်မက်တယ်…အရင်လိုပဲ သမီးကို ကားမောင်းပေးပြီး တူတူလျှောက်လည်နေကြတာ .. ပြုံးနေတာပဲ အဖေက
အဲ့လိုနေ့တွေဆို အိပ်ပဲနေချင်တော့တယ်။

နိုးမလာချင်တော့ဘူး..နိုးလာရင်လဲပို့ထားတဲ့ “ဖွေးကိုလွမ်းတယ်..“ ဆိုတဲ့ Message လေးတွေလိုက်ဖတ်ကြည့်မိပြီး ချစ်ရတဲ့ သူတွေကိုလွမ်းလွန်းလို့…ပန်းလေးတွေတွေ့တိုင်းလဲ…ကိုယ်မြတ်နိုးတန်ဖိုးထားခဲ့တဲ့ ရုပ်ရှင်တွေကို လွမ်းလွန်းလို့…မထိတွေ့ရတာ ကြာခဲ့ပြီမို့.. . တနေ့နေ့တော့ လွမ်းတဲ့ အဲ့အကြောင်းလေးတွေ ပြန်ပြောပြခွင့် ရချင်ပါသေးရဲ့…လောကကြီးရဲ့ တနေရာမှာ…ပြန်ဆုံချင်ပါသေးရဲ့ …”ဆိုတဲ့စာလေးနဲ့ ဝမ်းနည်းစွာရင်ဖွင့်စကားဆိုလာခဲ့တာပါ။ CeleGabarပရိသတ်တွေလည်း ဖွေးစိန်လေးအမြန်ဆုံးပရိသတ်တွေရှေ့ပြန်လာနိုင်အောင်ဆုတောင်းပေးခဲ့ကြပါဦးနော်။


Koe- CeleGabar
Source- phwayPhway
ZawgyiFontဖြင့်ဖတ်ရန်

” ဖခင္ႀကီးအပါအဝင္ သူမ ျမတ္ႏိုးတန္ဖိုးထားရတဲ့အရာေတြကို သတိရလြမ္းဆြတ္မိတာေၾကာင့္ တေန႔ေတာ့ျပန္ဆုံခ်င္ေသးေၾကာင္း ဝမ္းနည္းစြာရင္ဖြင့္လာတဲ့ ေဖြးေဖြး”

CeleGabarပရိသတ္ႀကီးေရ ေဖြးေဖြးကေတာ့ အကယ္ဒမီသုံးဆုပိုင္ရွင္မင္းသမီးတစ္လက္ပါ။ ႐ုပ္ရွင္ဇာတ္ကားတိုင္းကို စိတ္ႏွစ္ၿပီး႐ိုက္ကူးတတ္တဲ့ေဖြးေဖြးကိုပရိသတ္​ေတြကခ်စ္စႏိုးနဲ႔ေဖြးစိန္ေလးလို႔လည္းေခၚၾကပါေသးတယ္။ သူမ႐ိုက္ကူးလိုက္တဲ့ဇာတ္ကားတိုင္းမွာ ဘယ္လိုဇာတ္႐ုပ္လာလာပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္တဲ့ထိပ္တန္းမင္းသမီးတစ္လက္ပါ။

လက္ရွိမွာေတာ့ ပုဒ္မ၅၀၅နဲ႔ ေရွာင္တိမ္းေနရတဲ့အႏုပညာရွင္ေတြထဲကတစ္ေယာက္ျဖစ္ၿပီး သုမေရွာင္တိမ္းေနခ်ိန္မွာပဲ ဖခင္ႀကီးက႐ုတ္တရက္ဆုံးပါးသြားခဲ့တာပါ။ ဒီေန႔မွာလည္း ေဖြးစိန္ေလးကေတာ့” 🤍🫂အေဖ့အေၾကာင္းအိပ္မက္မက္တယ္…အရင္လိုပဲ သမီးကို ကားေမာင္းေပးၿပီး တူတူေလွ်ာက္လည္ေနၾကတာ .. ၿပဳံးေနတာပဲ အေဖကအဲ့လိုေန႔ေတြဆို အိပ္ပဲေနခ်င္ေတာ့တယ္။

ႏိုးမလာခ်င္ေတာ့ဘူး..ႏိုးလာရင္လဲပို႔ထားတဲ့ “ေဖြးကိုလြမ္းတယ္..“ ဆိုတဲ့ Message ေလးေတြလိုက္ဖတ္ၾကည့္မိၿပီး ခ်စ္ရတဲ့ သူေတြကိုလြမ္းလြန္းလို႔…ပန္းေလးေတြေတြ႕တိုင္းလဲ…ကိုယ္ျမတ္ႏိုးတန္ဖိုးထားခဲ့တဲ့ ႐ုပ္ရွင္ေတြကို လြမ္းလြန္းလို႔…မထိေတြ႕ရတာ ၾကာခဲ့ၿပီမို႔.. . တေန႔ေန႔ေတာ့ လြမ္းတဲ့ အဲ့အေၾကာင္းေလးေတြ ျပန္ေျပာျပခြင့္ ရခ်င္ပါေသးရဲ႕…ေလာကႀကီးရဲ႕ တေနရာမွာ…ျပန္ဆုံခ်င္ပါေသးရဲ႕ …”ဆိုတဲ့စာေလးနဲ႔ ဝမ္းနည္းစြာရင္ဖြင့္စကားဆိုလာခဲ့တာပါ။ CeleGabarပရိသတ္ေတြလည္း ေဖြးစိန္ေလးအျမန္ဆုံးပရိသတ္ေတြေရွ႕ျပန္လာႏိုင္ေအာင္ဆုေတာင္းေပးခဲ့ၾကပါဦးေနာ္။

Koe- CeleGabar
Source- phwayPhway