” မွေးနေ့ရက်မြတ်လေးမှာ ရေ​မြေခြားချစ်သူဆီက သူမမြတ်နိုးရတဲ့ကံ့ကော်ပန်းစည်းကြီးနဲ့အတူ Surpriseမွေးနေ့ကိတ်ကိုရရှိခဲ့တဲ့ အစီအစဥ်တင်ဆက်သူ ဆုမွန်”
Posted on
CeleGabar ပရိသတ်ကြီးရေဆုမွန် ကတော့ မြန်မာနိုင်ငံရဲ့အောင်မြင်တဲ့ အစီအစဥ်တင်ဆက်သူတေ​ွထဲကတစ်ဦးပါ။ မင်းသမီးတွေနီးနီးကို ယောကျာ်းလေးပရိသတ်တွေရဲ့ ဝန်းရံခြင်းခံရသူတစ်ယောက်လို့ဆိုရမှာပါ။ အစီအစဥ်တော်တော်များမှာပါဝင်တင်ဆက်ပြီး ချစ်စရာကောင်းတဲ့အမူအရာလေးတွေအမြဲပြုလုပ်တတ်သူလေးလည်းဖြစ်ပါတယ်။
မနေ့ကကျရောက်တဲ့ ဧပြီလ၆ရက်နေ့ကတော့ သူမရဲ့မေ်းနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ချစ်ရတဲ့ခင်ပွန်းလောင်းကလည်း နိုင်ငံရပ်ခြားကနေ Surpriseကိတ်လေးနဲ့သူမမြတ်နိုးတန်ဖိုးထားတဲ့ ကံ့ကော်ပန်း​စည်းကြီးကို ပို့ပေးခဲ့တာပါ။ ဆုတောင်းပေးကြတဲ့​သူငယ်ချင်းမိတ်ဆွေတွေကိုလည်း ကျေးဇူးစကားဆိုခဲ့တာပါ။”ဒီနေ့က ဆုမွန်ရဲ့ မွေးနေ့လေးပါပထမဦးဆုံး မွေးဖွါးပေးခဲ့တဲ့ ဖေဖေနဲ့ မေမေ ကို ကျေးဇူးတင်ပါတယ်🙏🏻🙏🏻🙏🏻🙏🏻🙏🏻အဆင်မပြေမှုတွေကြား
ဒီသမီးကို ဒီအရွယ်မှာဒီလို ရပ်တည်နိုင်စေခဲ့လို့ဒီအဖေနဲ့ ဒီအမေဟာ ကမ္ဘာပေါ်မှာ အတော်ဆုံး အမျိုးသားနဲ့ အမျိုးသမီးပါဆုတောင်းပေးကြတဲ့ မိတ်ဆွေတစ်ယောက်ချင်းစီကို လဲအရမ်း ကျေးဇူးတင်ပါတယ် ။
ဒီခေတ်ဒီအခြေအနေကြီးထဲအပူတွေများရတဲ့ကြား တကူးတက ဆုတောင်းပေးတယ်ဆိုတာအနည်းဆုံးတော့ ဆုမွန် အတွက် ရင်ထဲမှာ တစ်နေရာလေး ရှိနေလို့ပေါ့ပြီးတော့ နောက်ထပ် အချစ်ရဆုံးသော ငယ်ပိစိရဲ့ ကိုကို U Linn Lunn 😬😘ဘာမဆိုအသေးစိတ်မှတ်ထားပြီးကံ့ကော်ပန်းလေးတွေကြိုက်တာကအစ
Moana လေး ဖြစ်ချင်တာကအဆုံး အကုန်ဖြစ်ခွင့်ပေးလို့ ကျေးဇူးပါပိုလိမ်မာ ပါ့မယ် ပိုကြိုးစားပါ့မယ်ပိုကျန်းမာအောင်နေပါ့မယ်ပိုလှအောင်နေပါ့မယ်”ဆိုတဲ့စာလေးနဲ့ အမှတ်တရပုံလေးတွေကိုတင်လာခဲ့တာပါ။CeleGabarပရိသတ်တွေလည်းဆုမွန်ရဲ့မွေးနေ့အတွက်ဆုမွန်ကောင်းတောင်းပေးခဲ့ပါဦးနော်။
Koe-CeleGabar
Source – SuMon
ZawgyiFontဖြင့်ဖတ်ရန်
Koe-CeleGabar
Source – SuMon