“မဟာအပလီကေးရှင်း”မှာပြသတော့မယ့် ”အချစ်၏ဖလှယ်ရဂုဏ်သတ္တိ”ဆိုတဲ့ဇာတ်လမ်းတွဲမှာ စံပယ်ဖြူဆိုတဲ့ ဇာတ်ကောင်အဖြစ် ပါဝင်ထားတဲ့ ရွှေအိမ်မင်း”

Posted on

CeleGabarပရိသတ်ကြီးရေ ရွှေအိမ်မင်းကတော့MRTV4ဇာတ်လမ်းတွဲတွေကနေတဆင့်ပရိသတ်တွေသတိထားမိလာတဲ့မင်းသမီးတစ်လက်ပါ။ သူမအနေနဲ့ ဇာတ်လမ်းတွဲတွေရိုက်ကူးခဲ့ပြီးနောက် ဇာတ်လမ်းတွဲမင်းသားကျော်ထက်နဲ့ လက်ထပ်ပြီးနောက်မှာအနုပညာအလုပ်တွေခဏတာရပ်နားခဲ့တာပါ။

 

 

အခုဆိုရင် သမီးလေးတစ်ယောက်ရရှိကာ မြင်သူတိုင်းအားကျရတဲ့သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတာပါ။ လက်ရှိမှာတော့ အနုပညာခြေလှမ်းပြန်လည်စတင်တဲ့အနေနဲ့”အချစ်၏ဖလှယ်ရဂုဏ်သတ္တိ”ဆိုတဲ့ဇာတ်လမ်းတွဲမှာပါဝင်ထားတာပဲ ဖြစ်ပါတယ်။

“အချစ်တစ်ခုတည်း အတွက်နဲ့ချစ်ရသူနောက်ကို အားလုံးစွန့်ပြီး လိုက်ခဲ့ပေမယ့်
မျက်နှာသာပေးမခံရတဲ့ အပြင်ယောက္ခမရဲ့တစ်ဖက်စောင်းနင်း ပြုမူမှုတွေအထိ အချစ်အတွက်ခေါင်းငုံခံပေးခဲ့တဲ့ အမျိုးသမီးလေး စံပယ်ဖြူ အဖြစ်ရွှေအိမ်မင်းက ပါဝင် ထားတာပါ။ သူမကိုချစ်တဲ့ပရိသတ်တွေလည်း “မဟာအပလီကေးရှင်း”မှာပြသတော့မယ့် ”အချစ်၏ဖလှယ်ရဂုဏ်သတ္တိ”ဆိုတဲ့ဇာတ်လမ်းတွဲကိုအားပေးဝန်းရံကြဖို့ဖော်ပြပေးလိုက်ပါတယ်နော်။

Koe- CeleGabar
Source- အချစ်၏ဖလှယ်ရဂုဏ်သတ္တိ
ZawgyiFontဖြင့်ဖတ်ရန်





Koe- CeleGabar