မနက်စောစော ခိုစာကျွေးကုသိုလ်ယူခဲ့တဲ့ ပရိသတ်ရဲ့အချစ်တော် စိုင်းဆိုင်မောဝ်

Posted on

ရှမ်းတိုင်းရင်းသားလေး စိုင်းဆိုင်မောဝ်ကတော့ သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်ဘဝအမောပြေစေခဲ့သူ တစ်ယောက်ပါ။ အသက်ကြီးလာတဲ့နောက်ပိုင်းမှာ ကျန်းမာရေးအခြေအနေအရ ပရိသတ်ရှေ့မှာ မဖျော်ဖြေနိုင်တော့ပေမယ့်လည်း သူ့ရဲ့တေးသီချင်းတွေကောင်းလေးတွေကတော့ အခုချိန်ထိ နေရာတိုင်းမှာ ကြားနေရစဲပါ။

ချစ်ခင်ရတဲ့ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်ရအောင် ဇနီးဖြစ်သူခေးလားမိုးကတော့ စိုင်းဆိုင်မောဝ်ရဲ့တနေ့တာအကြောင်းအရာလေးတွေကို လူမှုကွန်ရက်ကနေတဆင့် မျှဝေပေးလျက်ရှိပြီး ဒီနေ့မနက်မှာတော့ ဦးစိုင်းရဲ့ ခိုစာကျွေးကုသိုလ်ယူနေတဲ့ ဗွီဒီယိုလေးကို မျှဝေခဲ့ပါတယ်။

စိုင်းဆိုင်မောဝ်ကတော့ ဒီနေ့မနက်မှာ ဗိုက်အောင့်ပြီးချောင်းတွေဆိုးနေတာကြောင့် ဆေးရုံသွားပြဖို့စီစဉ်ခဲ့ပြီး လမ်းဘေးက ခိုလေးတွေအတွက် လမ်းကြုံကုသိုလ်ပြုခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ… အခုလိုပြုလုပ်ပေးတဲ့ကုသိုလ်ကြောင့် ခံစားနေရတဲ့ဝေဒနာတွေ အမြန်ဆုံးသက်သာကောင်းမွန်စေပြီး အေးချမ်းပျော်ရွှင်စွာနေထိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source – Khay Larr Moe
Rainbow- Cele Gabar