အခုချိန်မှာပိုခက်ခဲကြပ်တည်းနေတဲ့ သူတွေရှိနေတဲ့အတွက် ဒီအတောအတွင်း လက်ခံထားတဲ့ ပွဲတက်တွေအားလုံးကို သူ့ဘက်ကတရားဝင်ဖျက်သိမ်းလိုက်တဲ့ ပိုင်တံခွန်

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ မင်းသားချောလေး ပိုင်တံခွန်ကတော့ မနှစ်က ဒီလို ဧပြီလ (၈)ရက်နေ့ မနက်(၄)နာရီအချိန်မှာ ဖမ်းဆီခံခဲ့ရတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ မကြာသေးခင်အချိန်ကမှပြန်လည်လွတ်မြောက်လာတဲ့အတွက် တစ်နှစ်နီးပါး သူဟာ ဆင်းရဲဒုက္ခတွေကို ခံခဲ့ရကြောင်း ဒီနေ့မှာရင်ဖွင့်လာခဲ့ပါတယ်။

ဒါ့အပြင်လည်း ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်းမှာ ပွဲအခမ်းအနားတက်ရောက်တာတွေ အနုပညာအလုပ်တွေလုပ်ကိုင်တာတွေပြုလုပ်ခဲ့ရပေမဲ့လည်း ဒီနေ့မှာတော့ လက်ခံထားတဲ့ ပွဲတက်တွေ အားလုံး သူ့ဘက်က တရားဝင် ဖျက်သိမ်းကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ကြေညာခဲ့ပါတယ်။ “မနှစ်က ဒီလိုနေ့ မနက် (၄) နာရီ ကျွန်တော် တစ်နှစ်နီးပါး ဆင်းရဲဒုက္ခခံစားခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော့်ထက် အခုချိန်မှာ ပိုခက်ခဲကြပ်တည်းနေတဲ့ သူတွေရှိတာ ကျွန်တော် နားလည်ပါတယ်။

ဒါကြောင့် ဒီအတောအတွင်း လက်ခံထားတဲ့ ပွဲတက် တွေ အားလုံး ကျွန်တော့်ဘက်က တရားဝင် ဖျက်သိမ်းလိုက်ပါပြီ” ဆိုပြီး အခုလို အချိန်မှာ သူလည်း ခက်ခဲနေပေမဲ့ သူ့ထက်ခက်ခဲတဲ့ သူတွေရှိနေတဲ့အတွက် အခုလို ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားခဲ့ပါတယ်။ ပရိသတ်ပြည်သူတွေကတော့ ပိုင်တံခွန်ရဲ့ စိတ်ဓာတ်ကို လေးစားပြီးရင်လေးစားကာ ချီးကျူးနေခဲ့ကြပါတယ် CeleGabar ပရိသတ်ကြီးရေ။

Source – Paing Takhon
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Paing Takhon
Chilli – CeleGabar