ပရိသတ်ကြီးရေ မနေ့က ဇူလိုင်လ (၁၀)ရက်နေ့ ညနေပိုင်းလောက်က ပရိသတ်တွေရဲ့အချစ်တော် ရွှေထူးနဲ့ ရွှေမှုံတို့နှစ်ယောက် အတွဲညီညီသရုပ်ဆောင်ထားတဲ့ “မိုးစက်များကပြောသော”ဆိုတဲ့ Teaser ဗီဒီယိုလေးတစ်ခုကို ရွှေထူးရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ တင်ဆက်ပေးလိုက်တာပရိသတ်တွေကြည့်ရှုပြီးကြမယ်ထင်ပါတယ်။
ဒီဗီဒီယိုလေးမှာတော့ ရွှေထူးနဲ့ ရွှေမှုံတို့က ပရိသတ်တွေ မြင်နေကြပုံစံမျိုးမဟုတ်ဘဲ ခပ်ကြမ်းကြမ်းလေးသရုပ်ဆောင်ထားတာကြောင့် ပရိသတ်တွေအတွက်တော့ အမြင်ဆန်းနေခဲ့တဲ့ ဗီဒီယိုတစ်ခုဖြစ်နေခဲ့ပါတယ်။ သိုပေမဲ့လည်း ဒီဗီဒီယိုလေးကတော့ တင်ဆက်ခဲ့ပြီး နာရီပိုင်းလေးမှာတင် ကြည့်ရှုအားပေးသူ (၁၀)သိန်းပြည့်ခဲ့တဲ့အထိကို အောင်မြင်မှုတွေရရှိခဲ့ပါသေးတယ်။ရွှေထူးကတော့ အခုလို အားပေးကြတဲ့ အတွက် ပရိသတ်တွေကို ကျေးဇူးတင်ရှိကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့ပြီး ဒီဗီဒီယိုလေးကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ရင်လည်း တောင်းပန်ကြောင်းလည်ူ ဖော်ပြထားပါသေးတယ်။
သရုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီးတော့လည်း အားမနာတမ်း အပြုသဘောဆောင်ပြီး အကြံပေးကြဖို့ကိုလည်း တောင်းဆိုထားပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ မနက်ဖြန် ဇူလိုင်လ (၁၂)ရက်နေ့မှာတော့ ဒီ Teaser ဗီဒီယိုလေးရဲ့ Full MV လေးကိုတင်ပေးမှာပါပဲ။ Teaser ဗီဒီယိုလေးကိုကြည့်ရတာထက်ပိုပြီး ကျေနပ်မယ်ထင်ပါတယ်တဲ့။ စောင့်မျှော်ပေးကြပါဦး ပရိသတ်ကြီးရေ
Chilli – CeleGabar
Source – Shwe Htoo