မွေးနေ့အလှူအဖြစ် ဆွမ်းအလှူ၊ပန်းစေတီ၊ ဆီမီးတစ်ထောင် ရေချမ်းစေတီနဲ့ အာဟာရဒါနအလှူ၊ဆေးအလှူ စတဲ့ ကုသိုလ်တွေများစွာပြုလုပ်ခဲ့တဲ့ ပိုးအိအိခန့်

Posted on

ပရိသတ်ကြီးရေ ရုပ်ရှင်ဗီဒီယိုသရုပ်ဆောင်မင်းသမီးချောလေးဖြစ်တဲ့ ပိုးအိအိခန့်ကတော့ မနေ့က ဧပြီလ (၇)ရက်နေ့က မွေးနေ့ရက်မြတ်လေးကျရောက်ခဲ့ပါတယ်။ ပိုးအိအိခန့်ကတော့ မွေးနေ့အထိမ်းအမှတ် မွေးနေ့အလှူလေးအနေနဲ့ မွန်မြတ်လှတဲ့ အလှူတွေကို မွေးနေ့ရက်မြတ်လေးမှာပြုလုပ်ခဲ့ပါတယ်။

ပိုးအိအိခန့်တော့မွေးနေ့အလှူလေးအနေနဲ့ ပုဂံမြို့ အလိုတော်ပြည့်ဘုရားမှာ ထောပတ် ဆွမ်းတော်ပွဲတစ်ထောင်၊ပန်းစေတီ၊ ဆီမီးတစ်ထောင်နဲ့ ရေချမ်းစေတီတို့ကို လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင်လည်း Y.G.W.ပရဟိတမိဘမဲ့ကျောင်း(သာပေါင်း)ဌာန၌ ဆရာတော်များနှင့် သားငယ်၊ သမီးငယ်လေးများအတွက် အာရုံဆွမ်းအဟာရဒါနအလှူတော်နဲ့ သားငယ်၊ သမီးငယ်လေးများအတွက် ညနေအဟာရဒါန ၊ ပြင်ဦးလွင်မြို့မှာရှိတဲ့ သက်ကြီးမျက်မမြင်ခိုကိုးရာ ရိပ်သာမှာ အဟာရအလှူအတွက်(100000)ကျပ်တိတိနဲ့ သံဃာတော် အဖိုးအဖွားအဖွားများအသုံးအဆောင်ပစ္စည်းများတန်ဖိုးငွေ(100500)ကျပ်၊

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရွှေသံလွင် ဘိုးဘွားရိပ်သာမှာ အဖိုးအဖွားတွေအတွက် ဆေးပဒေသာပင် အလှူ စတဲ့အလှူတွေကို ပြုလုပ်ကာမွေးနေ့ရက်မြတ်လေးကို ကုသိုလ်တွေနဲ့ ဖြတ်သန်းခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ပိုးအိအိခန့်ကတော့ အခုလို လှူဒါန်းခြင်းတာတွေအားလုံးကို လှူဒါန်းနိုင်အောင် ပါရမီဖြည့်ပေးတဲ့ ခင်ပွန်းအောင်သူကိုလည်း ကျေးဇူးတင်စကားဆိုထားခဲ့ပါသေးတယ်နော်။

Source – Poe Ei Ei Khant
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-

ေမြးေန႔အလႉအျဖစ္ ဆြမ္းအလႉ၊ပန္းေစတီ၊ ဆီမီးတစ္ေထာင္ ေရခ်မ္းေစတီနဲ႔ အာဟာရဒါနအလႉ၊ေဆးအလႉ စတဲ့ ကုသိုလ္ေတြမ်ားစြာျပဳလုပ္ခဲ့တဲ့ ပိုးအိအိခန႔္

ပရိသတ္ႀကီးေရ ႐ုပ္ရွင္ဗီဒီယိုသ႐ုပ္ေဆာင္မင္းသမီးေခ်ာေလးျဖစ္တဲ့ ပိုးအိအိခန႔္ကေတာ့ မေန႔က ဧၿပီလ (၇)ရက္ေန႔က ေမြးေန႔ရက္ျမတ္ေလးက်ေရာက္ခဲ့ပါတယ္။ ပိုးအိအိခန႔္ကေတာ့ ေမြးေန႔အထိမ္းအမွတ္ ေမြးေန႔အလႉေလးအေနနဲ႔ မြန္ျမတ္လွတဲ့ အလႉေတြကို ေမြးေန႔ရက္ျမတ္ေလးမွာျပဳလုပ္ခဲ့ပါတယ္။

ပိုးအိအိခန႔္ေတာ့ေမြးေန႔အလႉေလးအေနနဲ႔ ပုဂံၿမိဳ႕ အလိုေတာ္ျပည့္ဘုရားမွာ ေထာပတ္ ဆြမ္းေတာ္ပြဲတစ္ေထာင္၊ပန္းေစတီ၊ ဆီမီးတစ္ေထာင္နဲ႔ ေရခ်မ္းေစတီတို႔ကို လႉဒါန္းခဲ့ပါတယ္။ ဒါ့အျပင္လည္း Y.G.W.ပရဟိတမိဘမဲ့ေက်ာင္း(သာေပါင္း)ဌာန၌ ဆရာေတာ္မ်ားႏွင့္ သားငယ္၊ သမီးငယ္ေလးမ်ားအတြက္ အာ႐ုံဆြမ္းအဟာရဒါနအလႉေတာ္နဲ႔ သားငယ္၊ သမီးငယ္ေလးမ်ားအတြက္ ညေနအဟာရဒါန ၊ ျပင္ဦးလြင္ၿမိဳ႕မွာရွိတဲ့ သက္ႀကီးမ်က္မျမင္ခိုကိုးရာ ရိပ္သာမွာ အဟာရအလႉအတြက္(100000)က်ပ္တိတိနဲ႔ သံဃာေတာ္ အဖိုးအဖြားအဖြားမ်ားအသုံးအေဆာင္ပစၥည္းမ်ားတန္ဖိုးေငြ(100500)က်ပ္၊

ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ ေ႐ႊသံလြင္ ဘိုးဘြားရိပ္သာမွာ အဖိုးအဖြားေတြအတြက္ ေဆးပေဒသာပင္ အလႉ စတဲ့အလႉေတြကို ျပဳလုပ္ကာေမြးေန႔ရက္ျမတ္ေလးကို ကုသိုလ္ေတြနဲ႔ ျဖတ္သန္းခဲ့ပါတယ္။ CeleGabar ပရိသတ္ႀကီးေရ ပိုးအိအိခန႔္ကေတာ့ အခုလို လႉဒါန္းျခင္းတာေတြအားလုံးကို လႉဒါန္းႏိုင္ေအာင္ ပါရမီျဖည့္ေပးတဲ့ ခင္ပြန္းေအာင္သူကိုလည္း ေက်းဇူးတင္စကားဆိုထားခဲ့ပါေသးတယ္ေနာ္။

Source – Poe Ei Ei Khant
Chilli – CeleGabar