သမီးလေးထရက်ရှာရဲ့ ပထမဆုံး ရွှေတိဂုံဘုရား သွားရောက်ဖူးမြှော်ခဲ့တာလေးကို ဗီဒီယိုလေးရိုက်ကူးပြီး မျှဝေလာတဲ့ စန္ဒီမြင့်လွင်

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်အဆိုတော် စန္ဒီမြင့်လွင်ကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သမီးလေးထရက်ရှာလေး ရွှေတိဂုံဘုရားကို သွားရောက်ဖူးမြှော်ခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေဖော်ပြလာခဲ့ပါတယ်။ထရက်ရှာလေးအတွက်တော့ အခုတစ်ခေါက်က ပထမဆုံးအကြိမ်ရွှေတိဂုံဘုရားကို ဖူးမြှော်ခဲ့တာပါတဲ့။

ထရက်ရှာလေးရဲ့ မေမေဖြစ်တဲ့ ပရိသတ်အချစ်တော် စန္ဒီမြင့်လွင်ကတော့ သမီးလေးကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် အမြဲလိုလို သမီးလေးရဲ့ ဗီဒီယိုလေးကို မျှဝေဖော်ပြလေ့ရှိပြီး ဒီတစ်ခေါက်မှာ ဘုရားသွားရောက်ဖူးမြှော်ကာ ပထမဆုံးအကြိမ် ဘုရားဖူးရတဲ့ သမီးလေးရဲ့ ပျော်ရွှင်နေတဲ့ အမူအရာလေးတွေကို ပရိသတ်တွေလည်း မြင်တွေ့ရအောင် ပြန်လည်မျှဝေခဲ့တာပဲဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးတွေထဲက ထရက်ရှာလေးကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ထရက်ရှာလေးရဲ့ ပထမဆုံးရွှေတိဂုံဘုရားသွားရောက်ဖူးမြှော်ခဲ့တဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ CeleGabar ပရိသတ်ကြီးတွေလည်း ဗီဒီယိုလေးကို ကြည့်ရှု့ပြီး မှတ်ချက်လေးတွေရေးပေးခဲ့ကြပါဦး။

Source – Sandy Myint Lwin
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar