နှစ်ဦးအကြိုကုသိုလ်အနေနဲ့ တံတားအလှူကုသိုလ်လေးပြုလုပ်ခဲ့တဲ့ ရွှေရည်သိန်းတန်

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် ရွှေရည်သိန်းတန်ကတော့ ဒီနေ့မှာ မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ရွှေရည်သိန်းတန်ကတော့ ဘုရားတရားကိုင်းရှိုင်းပြီးလူကြီးမိဘတွေအပေါ်မှာလည်း သိတတ်တဲ့သူတစ်ယောက်ဖြစ်တဲ့ အပြင် အလှူအတန်းတွေလည်း ရက်ရောလွန်းလှသူပါ။

ဒီနေ့မှာလည်း ရွှေရည်သိန်းတန်က နှစ်ကူးအကြိုအလှူလေးအနေနဲ့ တံတားဆောက်လုပ်လှူဒါန်းမှုမှာ တတ်နိုင်သလောက်ပါဝင်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ မုဒုကျေးရွာအုပ်စု ငှက်ကြီးရေကျော်ကျေးရွာရှိ သီတာမဂ္ဂင် တံတားတည်ဆောက်ရာတွင်အလှူငွေ (၅)သောင်းကျပ်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ရွှေရည်သိန်းတန်ကတော့ သူ့ရဲ့မွန်မြတ်လှတဲ့ အလှူလေးဒါနလေးကို ပရိသတ်တွေလည်း ကုသိုလ်တွေထပ်တူရရှိစေဖို့ ပြန်လည်မျှဝေထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ ပရိသတ်တွေလည်း ရွှေရည်သိန်းတန်ရဲ့ အလှူလေးကို ပရိသတ်တွေလည်း သာဓု ခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Shwe Yee Thein Tan
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar