စုထားတဲ့ မုန့်ဖိုးလေးတွေနဲ့ သင်္ကြန်အကြိုအလှူအဖြစ် အဖိုးအဖွားတွေအတွက် အလှူလေးပြုလုပ်ခဲ့တဲ့ သွန်းမြတ်ကြယ်စင်

Posted on

ပရိသတ်ကြီးရေ သွန်းမြတ်ကြယ်စင်ကတော့ ပရိသတ်တွေရဲ့ အချစ်တော်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ သွန်းမြတ်ကြယ်စင်လေးကတော့ အသက်ငယ်ပေမဲ့ လိမ္မာယဉ်ကျေးတဲ့ကလေးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကအချစ်ပိုနေရတဲ့ ကလေးလေးတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။

 

လတ်တလောမှာလည်း သွန်းမြတ်ကြယ်စင်ကတော့ သူ့ရဲ့မုန့်ဖိုးလေးတွေကို စုပြီး သင်္ကြန်အကြိုအလှူလေးအနေနဲ့ ကောင်းမှုတွေပြုလုပ်ခဲ့ပါတယ်။ အလှူလေးပြုလုပ်ဖြစ်ခဲ့ကြောင်းကိုလည်း “သမီး စုထားတဲ့ မုန့်ဖိုးလေးတွေနဲ့ အဆင်မပြေမှုတွေ ရှိနေကြတဲ့ ဘိုးဘိုးဘွားဘွားများကို သကြင်္န်အကြိုအနေနဲ့ တတ်နိုင်သလောက်လေး လိုက်ကန်တော့ခဲ့ပါတယ်ရှင့်။

 

သမီးလှူတန်းခဲ့တဲ့ အချိန် ပျော်ရွှင်ကြည်နူးရသလို အားလုံးလည်း ထပ်တူခံစားရအောင် လှူတန်းခဲ့သမျှထဲက တချို့ တဝက်ကို ဝေမျှလိုက်တာပါရှင့် ” ဆိုပြီး မျှဝေထားခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ သွန်းမြတ်ကြယ်စင်ကတော့ အသက်ငယ်ငယ်နဲ့ တကယ်ကို လိမ္မာရေးချာရှိလွန်းလှပါပေတယ်နော်။

Source – Thoon Myat Kyal Sin
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-



 


 


 

Chilli – CeleGabar