ဦးမန်းဝင်းဆီသွားရောက်တွေ့ဆုံခဲ့တဲ့ နီတာ

Posted on

ပရိတ်ကြီးရေ ဒီနေ့ ဇူလိုင်လ (၁၁)ရက်နေ့မှာတော့ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် နီတာက ပရိသတ်တွေရဲ့အချစ်တော် ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဟာသလူရွှင်တော် ဦးမန်းဝင်းဆီသွားရောက်ခဲ့ပါတယ်။ ဦးမန်းဝင်းကတော့ ဦးနှောက် သွေးယိုစိမ့်မှုကြောင့် ခွဲစိတ်ကုသမှုခံယူပြီး စိုးရိမ်ခဲ့ရတဲ့ အခြေအနတွေထိရင်ဆိုင်ခဲ့ရတာကို ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။

သို့ပေမဲ့လည်း ပရိသတ်တွေရဲ့ပို့တဲ့ မေတ္တာနဲ့ မိသားစုတွေရဲ့ ဇွဲမလျော့တမ်း ပြုစုမှုတွေကြောင့် ဦးမန်းဝင်းတစ်ယောက် ကျန်းမာရေးအခြေအနေတွေပြန်လည်တိုးတက်လာခဲ့ပါတယ်။ ဒီနေ့ နီတာသွားရောက်တွေ့ဆုံခဲ့ချိန်မှာတော့ ဦးမန်းဝင်းက ကျန်းမာရေးတော်တော်လေးပြန်ကောင်းနေခဲ့ပြီး စကားတောင်ပြန်လည်ပြောနိုင်နေပြီပါပြီတဲ့။

အခုလို ပရိသတ်တေါချစ်ခင်ရတဲ့ အနုပညာရှင်ဖြစ်တဲ့ ဦးမန်းဝင်းတစ်ယောက် ကျန်းမာရေးအခြေနေတွေ တိုးတက်ပြီးရင်းတိုးတက်လာတာကြောင့် ပရိသတ်တွေက ဝမ်းသာနေခဲ့ကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း ဒီဝမ်းသာစရာ သတင်းလေးကို သိရှိရအောင် CeleGabar ကပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။

Chilli – CeleGabar
Source – Ni Tar