” အိပ်မက်ထဲကအိပ်မက် ဇာတ်လမ်းတွဲမှာနွယ်ဆိုတဲ့ဇာတ်ကောင်နဲ့ပါဝင်ထားတယ်ဆိုတဲ့ သဇင်ထူးမြင့်”
Posted on
CeleGabar ပရိတ်သတ်ကြီးရေ သဇင်ထူးမြင့် ကတော့ (၂၀၁၈) အကယ်ဒမီရွှေကြိုကနေ ပရိသတ်တွေ စတင်သတိထားမိလာတာ ဖြစ်တဲ့အပြင် ဒါရိုက်တာလဲဖြစ် ဟာသဇာတ်ပို့သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ ခင်လှိုင်ရဲ့ အထွေးဆုံးသမီးလေးပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး အေးဆေးတည်ငြိမ်လွန်းတဲ့ သူမရဲ့ဟန်ပန်လေးကြောင့် အမျိုးသားထုကြီး ရင်ကိုလှုပ်ခတ်စေခဲ့တဲ့အပြင် သူမကိုယ်သူမ ” သဲ ” ဆိုတဲ့ အသုံးအနှုန်းလေးကြောင့် အမျိုးသားပရိသတ်တွေ ပိုပြီး အချစ်ပိုစေခဲ့တာ ဆိုလည်း မမှားပါဘူးနော်။
အမျိုးသားထုကြီးရဲကအားပေးကြမ်းချက်ကြီးကတော့ ခင်လှိုင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတောင် ယောက္ခမကြီးလို့ အခေါ်ခံရလောက်တဲ့ထိပါပဲနော်။ ရွှေကြိုကနေစတင်ပြီးအနုပညာလောကထဲကိုစတင်ဝင်ရောက်လာပြီး ရုပ်ရှင်ဇာတ်ကားတွေလည်းရိုက်ကူးတဲ့ထိ နေရာတစ်ခုထိရောက်ရှိနေခဲ့တာပါ။
လက်ရှိမှာလည်းChannel kမှာပြသတော့မယ့် အိပ်မက်ထဲကအိပ်မက် ဇာတ်လမ်းတွဲမှာ ပါဝင်လာခဲ့တာပါ။ နွယ်ဆိုတဲ့ဇာတ်ကောင်လေးနဲ့ ဘယ်လိူကာရိုက်တာကိုပုံဖော်မလဲဆိုတာက်ုလည်း ပရိသတ်တွေကအထူးစိတ်ဝင်စားလျက်ရှိနေပြီပဲ ဖြစ်ပါတယ်။CeleGabarပရိသတ်တွေလည်း သဲ ပါဝင်ထားတဲ့ အိပ်မက်ထဲကအိပ်မက် ဇာတ်လမ်းတွဲလေးကို ကြည့်ရှူအားပေးဖို့တိုက်တွန်းလိုက်ပါတယ်နော်။
Koe- CeleGabar
Source-Thazin Htoo Myint
ZawgyiFont ဖြင့်ဖတ်ရန်
Koe- CeleGabar