” အမေ့ရဲ့အနုပညာပိုးအပြည့်ပါကာအရွယ်နဲ့မလိုက်အောင် သင်စရာမလိုဘဲ ပိုစ့်ပေးကျွမ်းကျင်နေတဲ့ ဂျူးဂျူးရဲ့ ပုံရိပ်လေးတွေကို တင်လာခဲ့တဲ့ နန်းမြတ်ဖြိုးသင်း”

Posted on

CeleGabarပရိသတ်ကြီးရေ နန်းမြတ်ဖြိုးသင်းကတော့ သရုပ်ဆောင်မှာလည်း နေရာတစ်ခုရရှိထားသလိုအဆိုဘက်မှာလည်းသူ့ရဲ့သီချင်းတွေကိုပရိသတ်တွေအကြိုက်တွေ့ခဲ့ရတာပါ။ မကြာသေးမီကဖြစ်ပွားခဲ့တဲ့Covid 3rd waveမှာ သူမရဲ့ခင်ပွန်းဖြစ်သူဆုံးပါးသွားခဲ့ကာ အခုဆိုရင်ချစ်စရာကောင်းတဲ့ သားနဲ့သမီးနဲ့အတူ ဘဝကိုဖြတ်သန်းနေတာပါ။

သားနဲ့သမီးကို အချိန်ပေးကာ ကိုယ်တိုင်ထိန်းကျောင်းနေတဲ့ အပြင် စီးပွားရေးကိုလည်း ဦးဆောင်ကာရှာဖွေလျက်ရှိတဲ့ နန်းမြတ်ကတော့သူမရဲ့ခံစားချက်တွေကို အမြဲရင်ဖွင့်လေ့ရှိသူပါ။ဒါ့အပြင် တဖြည်းဖြည်းအရွယ်ရောက်လာတဲ့သားနဲ့သမီးရဲ့ ပုံရိပ်လှုပ်ရှားမှုလေးတွေကိုချစ်တဲ့ပရိသတ်တွေအတွက်​အမြဲတင်ပေးလေ့ရှိတာပါ။


လက်ရှိမှာလည်း”မမရဲ့မွေးနေ့ပါတီတက်တဲ့ဂျူးလေး 🤍💗”ဆိုတဲ့စာလေးနဲ့အတူ မွေးနေ့ပွဲကိုတက်ရောက်ခဲ့ပြီး ပိုစ့်ပေးတဲ့အခါ အရွယ်နဲ့မလိုက်အောင် မိခင်ဖြစ်သူနန်းမြတ်ရဲ့ ခြေရာကို လိုက်နိုင်ကြောင်းကို ပုံလေးနဲ့တကွတင်ကာ”ခြေထောက်ထားတဲ့အနေအထားတွေကတော့ကွက်တိပဲ”ဆိုတဲ့စာလေးနဲ့ချစ်မဝဖြစ်ကာ ပုံလေးတွေတင်လာခဲ့တာပါ။CeleGabarပရိသတ်ကြီးလည်းအရွယ်နဲ့မလိုက်အောင် ပိုစ့်ပေးတတ်တဲ့ ဂျူးဂျူးလေးရဲ့ပုံရိပ်လေးတွေကိုကြည့်ရှူနိုင်ဖို့ တင်ပေးလိုက်ပါတယ်နော်။

 

Koe-CeleGabar
Soure : Nann Myat Phyo Thin
ZawgyiFontဖြင့်ဖတ်ရန်


 




Koe-CeleGabar