နှစ်သစ်အကြိုကုသိုလ်အနေနဲ့ ဆေးအလှူဒါနလေးပြုလုပ်ခဲ့တဲ့ ထက်ထက်မိုးဦး

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးကြီး ထက်ထက်မိုးဦးကတော့ မနေ့က ဧပြီလ (၉)ရက်နေ့မှာ မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ ထက်ထက်မိုးဦးကတော့ ဒီအလှူလေးကို နှစ်သစ်အကြိုအလှူအနေနဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

ထက်ထက်ကတော့ မနေ့က (၉)ဂဏန်းတွေတူတဲ့ ရက်မြတ်လေးမှာ မန္တလေးမှာရှိတဲ့ သီတဂူကြယ်တပွင့်ဆရာတော် ကို ဆေးအလှူ နဝကမ္မ ဝတ္ထုငွေအလှူ သစ်သီးအလှူ အပြင် ကျောင်းရှိသံဃာတော်တွေအတွက်လည်း နဝကမ္မဝတ္ထုငွေတွေ ကပ်လှူတဲ့ အလှူလေးကို ပြုလုပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေလည်း သိရှိရအောင် မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးတွေကိုလည်း “အားလုံးပဲ နှစ်သစ်မှာကျန်းမာပြီး စိတ်ရွှင်လန်းကြပါစေလို့ ထက်က ဆုတောင်းမေတ္တာကြိုပြီး ပို့သလိုက်ပါတယ်နော်။ချစ်ရသူတွေအားလုံးအတွက် အမြဲတမ်းကြိုးစားပေးနေမယ်။အလုပ်တွေအများကြီးလုပ်ပြီး အားလုံးအတွက် ကုသိုလ်တွေရှာပေးနေပါဦးမယ်။” ဆိုပြီးတော့လည်း တောင်းဆုတွေပြုထားခဲ့ပါသေးတယ်။

Source – Htet Htet Moe Oo
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-

ႏွစ္သစ္အႀကိဳကုသိုလ္အေနနဲ႔ ေဆးအလႉဒါနေလးျပဳလုပ္ခဲ့တဲ့ ထက္ထက္မိုးဦး

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ျဖစ္တဲ့ သ႐ုပ္ေဆာင္ မင္းသမီးႀကီး ထက္ထက္မိုးဦးကေတာ့ မေန႔က ဧၿပီလ (၉)ရက္ေန႔မွာ မြန္ျမတ္လွတဲ့ အလႉေလးတစ္ခုကိုျပဳလုပ္ခဲ့ပါတယ္။ ထက္ထက္မိုးဦးကေတာ့ ဒီအလႉေလးကို ႏွစ္သစ္အႀကိဳအလႉအေနနဲ႔ ျပဳလုပ္ခဲ့တာျဖစ္တယ္လို႔လည္း သိရွိရပါတယ္။

ထက္ထက္ကေတာ့ မေန႔က (၉)ဂဏန္းေတြတူတဲ့ ရက္ျမတ္ေလးမွာ မႏၲေလးမွာရွိတဲ့ သီတဂူၾကယ္တပြင့္ဆရာေတာ္ ကို ေဆးအလႉ နဝကမၼ ဝတၳဳေငြအလႉ သစ္သီးအလႉ အျပင္ ေက်ာင္းရွိသံဃာေတာ္ေတြအတြက္လည္း နဝကမၼဝတၳဳေငြေတြ ကပ္လႉတဲ့ အလႉေလးကို ျပဳလုပ္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ပရိသတ္ေတြလည္း သိရွိရေအာင္ မွ်ေဝေဖာ္ျပထားခဲ့တာပဲျဖစ္ပါတယ္။

ပရိသတ္ႀကီးေတြကိုလည္း “အားလုံးပဲ ႏွစ္သစ္မွာက်န္းမာၿပီး စိတ္႐ႊင္လန္းၾကပါေစလို႔ ထက္က ဆုေတာင္းေမတၱာႀကိဳၿပီး ပို႔သလိုက္ပါတယ္ေနာ္။ခ်စ္ရသူေတြအားလုံးအတြက္ အၿမဲတမ္းႀကိဳးစားေပးေနမယ္။အလုပ္ေတြအမ်ားႀကီးလုပ္ၿပီး အားလုံးအတြက္ ကုသိုလ္ေတြရွာေပးေနပါဦးမယ္။” ဆိုျပီးေတာ့လည္း ေတာင္းဆုေတြျပဳထားခဲ့ပါေသးတယ္။

Source – Htet Htet Moe Oo
Chilli – CeleGabar