ပရိသတ်ကြီးရေ ညီနန္ဒကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဒီနေ့ဧပြီလ (၁၀)ရက်နေ့မှာတော့ ညီနန္ဒက မွန်မြတ်လှတဲ့ အဟာရဒါနအလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။
အလှူလေးကတော့ သူ့ရဲ့ကျေးဇူးရှင်ဆရာဖြစ်သူရဲ့ မွေးနေ့အတွက် ပြုလုပ်ပေးခဲ့တဲ့ အလှူလေးဖြစ်ပြီး ကိုနန္ဒထောပတ်ထမင်း ပွဲ (၂၀၀) ကို ငါးထပ်ကြီးဘုရားလမ်း “ဖျာပုံ သီလရှင်စာသင်တိုက်” နေ့ဆွမ်း – ပွဲ(၁၀၀) “အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအသင်း” ဝင်္ဂဘာလမ်း ပွဲ(၁၀၀) ခွဲပြီးလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။
ညီနန္ဒရဲ့ ကျေးဇူးရှင်ဖြစ်တဲ့ ဆရာသမားရဲ့ ကျေးဇူးတရားတွေကို သိတတ်စွာနဲ့ အခုလို ဆရာသမားရဲ့ မွေးနေ့ကိုကိုယ်စားအလှူလေးပြုလုပ်ပေးခဲ့တဲ့ လုပ်ရက်ကို ပရိသတ်တွေကတော့ ချီးကျူးနေခဲ့ကြရပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ ညီနန္ဒကတော့ တကယ်ကိုလည်း ချီးကျူးထိုက်ပါပေတယ်နော်။
Source – Nyi Nanda
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-
ကျေးဇူးရှင်ဆရာသမားရဲ့ မွေးနေ့မှာ အဟာရဒါနအလှူလေးပြုလုပ်ပေးခဲ့တဲ့ ညီနန္ဒ
Source – Nyi Nanda
Chilli – CeleGabar