“ဖခင်ကြီးဆုံးပါးသွားတာ ၈လပြည့်အတွက်ရည်စူးပြီး သီလရှင်ဆရာကြီးတွေကျောင်းမှာဓမ္မာရုံကြမ်းခင်းကြွေပြားတွေ လှူဒါန်းခဲ့တဲ့ငွေတီဦး”

Posted on

CeleGabarပရိသတ်ကြီးရေ ငွေတီဦးကတော့ နိုင်ငံကျော်ပြည်သူချစ်သရုပ်ဆောင်ပြေတီဦးရဲ့ညီမလေးပဲ ဖြစ်ပါတယ်။ ခင်ပွန်းသည်နဲ့ဖခင်ကြီးတို့ရှေ့ဆင့်နောက်တင့်ဆုံးပါးသွားခဲ့ပြီးနောက်အခုချိန်မှာတော့မိခင်ကြီးနဲ့ နှစ်ယောက်အတူ ဖြတ်သန်းနေထိုင်လျက်ရှိတာပါ။

လက်ရှိမှာလည်း”ဒီနှစ်အတွက် ပထမဆုံး ပိန္နဲသီးကို စခွဲတဲ့အချိန်မှာ အရင်ဆုံးသတိရမိတာက ဖေဖေ့ကိုပါ။ အိမ်ကပိန္နဲသီးက မျိုးကောင်းတော့ ခွဲရင် အစေးလည်းမထွက် အခွံကလည်းပါးပြီး ချိုလည်း အရမ်းချိုပါတယ်။မေမေက ဆီးချိုရှိတော့ သိပ်စားလို့မရပေမယ့် ဆီးချိုမရှိတဲ့ဖေဖေက ရေခဲသေတ္တာထဲ ဘူးတွေနဲ့ အများကြီးခွဲထည့်ထားတဲ့ ပိန္နဲသီးတွေကို ရေခဲသေတ္တာနား ဖြတ်လျှောက်တိုင်း ယူစားတတ်တာလေး သတိရမိတယ်။

အိမ်ထဲမှာတော့ ဖေဖေ့တို့ပုံရိပ်တွေက နေရာတိုင်းမှာ မြင်ယောင်နေဆဲပါ..ဒီနှစ် ပန္နဲသီးတွေ မနှစ်ကထက်ပိုသီးတယ် ဖေဖေ..အရင်နှစ်တွေက သိပ်မပွင့်တဲ့ စံပယ်တွေလည်း အများကြီးပွင့်တယ်..ထားဝယ်မှိုင်းရုံရော ခိုင်ရွှေဝါရုံရော အပွင့်တွေနဲ့ အရမ်းလှနေပြီ.. သရက်ပင်လေးတွေကလည်း ပထမဆုံး စဖူးနေကြပြီ..အရင်နှစ် ခုလိုအချိန်မှာ စလုပ်ပြီး လုပ်ရင်းတန်းလန်းရပ်သွားတဲ့ တဲလေးလဲ ဆက်ထိုးနေပြီ။သင်္ကြန်မကျခင်တော့ ပြီးမှာပါ… အားတဲ့အချိန် စာလေးဖတ်ရင်း လက်ဖက်ရည်သောက်ဖို့ တဲလေးလေ..သမီးက ဖေဖေ့အတွက် ဝါးပက်လက်ကုလားထိုင်လေး ထည့်ပေးဖို့ စိတ်ကူးခဲ့တာ..အပြင်တွေ သိပ်မသွားတဲ့ ဖေဖေနဲ့မေမေအတွက် နေပျော်စရာနေရာလေး လုပ်ပေးချင်ခဲ့တာပါ..ပင်တော့ပင်ပမ်းတာပေါ့..အခုဆို သမီးကအရင်ကထက်တောင် အပင်ပမ်းခံနိုင်လာပြီ.. ကိုယ်တိုင်ချက်တဲ့ ထမင်းဟင်းနဲ့ ဘုရားဆွမ်းတော်လည်း ကျကျနန ကပ်တယ် ဖေဖေ..အိမ်ပြင်တဲ့ ဆရာသမားအဖွဲ့ကိုလည်း ချက်ကျွေးတယ်။လုပ်စရာရှိတဲ့အလုပ်တွေလည်း တာဝန်ကျေအောင် လုပ်နေပါတယ်..ဖေဖေ့ (၈)လပြည့်တုန်းက သီလရှင်ဆရာကြီးတွေကျောင်းမှာ ဓမ္မာရုံကြမ်းခင်းကြွေပြားကို ဖေဖေ့နာမည်နဲ့ ကဗ္ဗည်းထိုးပြီး လှုခဲ့ပါတယ်..အေးချမ်းရာမှာ အနားယူရင်း သာဓုခေါ်ပါဖေဖေ..”ဆိုတဲ့စာလေးနဲ့သတိတရလွမ်းဆွတ်စွာတင်လာခဲ့တာပါ။

 

Koe-CeleGabar
Soure -NgweOu
ZawgyiFontဖြင့်ဖတ်ရန်

“ဖခင္​ႀကီးဆုံးပါးသြားတာ ၈လျပည့္အတြက္ရည္စူးၿပီး သီလရွင္ဆရာႀကီးေတြေက်ာင္းမွာဓမၼာ႐ုံၾကမ္းခင္းေႂကြျပားေတြ လႉဒါန္းခဲ့တဲ့ေငြတီဦး”

CeleGabarပရိသတ္ႀကီးေရ ေငြတီဦးကေတာ့ ႏိုင္ငံေက်ာ္ျပည္သူခ်စ္သ႐ုပ္ေဆာင္ေျပတီဦးရဲ႕ညီမေလးပဲ ျဖစ္ပါတယ္။ ခင္ပြန္းသည္နဲ႔ဖခင္ႀကီးတို႔ေရွ႕ဆင့္ေနာက္တင့္ဆုံးပါးသြားခဲ့ၿပီးေနာက္အခုခ်ိန္မွာေတာ့မိခင္ႀကီးနဲ႔ ႏွစ္ေယာက္အတူ ျဖတ္သန္းေနထိုင္လ်က္ရွိတာပါ။

လက္ရွိမွာလည္း”ဒီႏွစ္အတြက္ ပထမဆုံး ပိႏၷဲသီးကို စခြဲတဲ့အခ်ိန္မွာ အရင္ဆုံးသတိရမိတာက ေဖေဖ့ကိုပါ။ အိမ္ကပိႏၷဲသီးက မ်ိဳးေကာင္းေတာ့ ခြဲရင္ အေစးလည္းမထြက္ အခြံကလည္းပါးၿပီး ခ်ိဳလည္း အရမ္းခ်ိဳပါတယ္။ေမေမက ဆီးခ်ိဳရွိေတာ့ သိပ္စားလို႔မရေပမယ့္ ဆီးခ်ိဳမရွိတဲ့ေဖေဖက ေရခဲေသတၱာထဲ ဘူးေတြနဲ႔ အမ်ားႀကီးခြဲထည့္ထားတဲ့ ပိႏၷဲသီးေတြကို ေရခဲေသတၱာနား ျဖတ္ေလွ်ာက္တိုင္း ယူစားတတ္တာေလး သတိရမိတယ္။

အိမ္ထဲမွာေတာ့ ေဖေဖ့တို႔ပုံရိပ္ေတြက ေနရာတိုင္းမွာ ျမင္ေယာင္ေနဆဲပါ..ဒီႏွစ္ ပႏၷဲသီးေတြ မႏွစ္ကထက္ပိုသီးတယ္ ေဖေဖ..အရင္ႏွစ္ေတြက သိပ္မပြင့္တဲ့ စံပယ္ေတြလည္း အမ်ားႀကီးပြင့္တယ္..ထားဝယ္မႈိင္း႐ုံေရာ ခိုင္ေ႐ႊဝါ႐ုံေရာ အပြင့္ေတြနဲ႔ အရမ္းလွေနၿပီ.. သရက္ပင္ေလးေတြကလည္း ပထမဆုံး စဖူးေနၾကၿပီ..အရင္ႏွစ္ ခုလိုအခ်ိန္မွာ စလုပ္ၿပီး လုပ္ရင္းတန္းလန္းရပ္သြားတဲ့ တဲေလးလဲ ဆက္ထိုးေနၿပီ။သၾကၤန္မက်ခင္ေတာ့ ၿပီးမွာပါ… အားတဲ့အခ်ိန္ စာေလးဖတ္ရင္း လက္ဖက္ရည္ေသာက္ဖို႔ တဲေလးေလ..သမီးက ေဖေဖ့အတြက္ ဝါးပက္လက္ကုလားထိုင္ေလး ထည့္ေပးဖို႔ စိတ္ကူးခဲ့တာ..အျပင္ေတြ သိပ္မသြားတဲ့ ေဖေဖနဲ႔ေမေမအတြက္ ေနေပ်ာ္စရာေနရာေလး လုပ္ေပးခ်င္ခဲ့တာပါ..ပင္ေတာ့ပင္ပမ္းတာေပါ့..အခုဆို သမီးကအရင္ကထက္ေတာင္ အပင္ပမ္းခံႏိုင္လာၿပီ.. ကိုယ္တိုင္ခ်က္တဲ့ ထမင္းဟင္းနဲ႔ ဘုရားဆြမ္းေတာ္လည္း က်က်နန ကပ္တယ္ ေဖေဖ..အိမ္ျပင္တဲ့ ဆရာသမားအဖြဲ႕ကိုလည္း ခ်က္ေကြၽးတယ္။လုပ္စရာရွ္ိတဲ့အလုပ္ေတြလည္း တာဝန္ေက်ေအာင္ လုပ္ေနပါတယ္..ေဖေဖ့ (၈)လျပည့္တုန္းက သီလရွင္ဆရာႀကီးေတြေက်ာင္းမွာ ဓမၼာ႐ုံၾကမ္းခင္းေႂကြျပားကို ေဖေဖ့နာမည္နဲ႔ ကဗၺည္းထိုးၿပီး လႈခဲ့ပါတယ္..ေအးခ်မ္းရာမွာ အနားယူရင္း သာဓုေခၚပါေဖေဖ..”ဆိုတဲ့စာေလးနဲ႔သတိတရလြမ္းဆြတ္စြာတင္လာခဲ့တာပါ။

Koe-CeleGabar
Soure -NgweOu