” သူမသရုပ်ဆောင်တာလေးတွေပြန်ကြည့်ချင်တယ်ဆိုတဲ့ပရိသတ်တွေအတွက်သတင်းကောင်းတစ်ခုကိုပြောပြလာတဲ့ ချောရတနာ”

Posted on

CeleGabar ပရိသတ်ကြီးရေ ချောရတနာကတော့ ကာရာအိုကေ ခေတ်ထဲက တေးစီးရီးတွေမှာ သရုပ်ဆောင်အနေနဲ့ ပရိသတ်တွေသတိထားမိလာပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်တတ်တဲ့ အကယ်ဒမီမင်းသမီးတစ်လက်လို့လည်း ဆိုရမှာပါ။ နာမည်နဲ့လိုက်အောင် ချောမောလှပတဲ့မင်းသမီးတစ်လက်ဖြစ်ပြီး တစ်သားမွေးတစ်သွေးလှတယ်လို့ဆိုရလောက်အောင်နုပျိုလှပနေတဲ့သူပါ။

ဒါ့အပြင်အမြဲပျော်ပျော်နေတတ်ပြီးအိမ်ထောင်ရေးမှာလည်းစိတ်ချမ်းသာရတဲ့မင်းသမီးတစ်လက်ပါ။ အနုပညာမောင်နှမတွေအပေါ်မှာလည်းအမြဲရင်းနှီးဖော်ရွေတတ်တဲ့ သူတစ်ယောက်ပါ။လတ်တလောမှာလည်း ကျောက်မျက်ရတနာနဲ့စိန်livesale လေးတွေ ပြုလုပ်လျက်ရှိတာပါ။

ဒါ့အပြင် ”ချောသရုပ်ဆောင်တာလေးတွေပြန်ကြည့်ချင်တယ်ဆိုတဲ့ချစ်သောသူများရှင့်
Dreamed A Dream ရဲ့ Season 1 Episode 1 ကို channelK မှာ မကြာခင် စတင်ပြတော့မှာဖြစ်ပါတယ်🖤”ဆိုတဲ့စာလေးနဲ့အတူ အိပ်မက်ထဲကအိပ်မက်ဇာတ်လမ်းတွဲမှာ မာလာဆိုတဲ့ဇာတ်ကောင်အနေနဲ့ပါဝင်ထားကြောင်းသတင်းကောင်းပါးလာခဲ့တာပါ။CeleGabarပရိသတ်ကြီးထဲမှာရော အိပ်မက်ထဲကအိပ်မက်ဇာတ်လမ်းတွဲကိုအားပေးဝန်းရံဖို့အသင့်ပဲလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။

Koe-CeleGabar
Source- ChawYadanar
ZawgyiFontဖြင့်ဖတ်ရန်

” သူမသ႐ုပ္ေဆာင္တာေလးေတြျပန္ၾကည့္ခ်င္တယ္ဆိုတဲ့ပရိသတ္ေတြအတြက္သတင္းေကာင္းတစ္ခုကိုေျပာျပလာတဲ့ ေခ်ာရတနာ”

CeleGabar ပရိသတ္ႀကီးေရ ေခ်ာရတနာကေတာ့ ကာရာအိုေက ေခတ္ထဲက ေတးစီးရီးေတြမွာ သ႐ုပ္ေဆာင္အေနနဲ႔ ပရိသတ္ေတြသတိထားမိလာၿပီး ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာလည္း က်ရာဇာတ္႐ုပ္ကို ပိုင္ပိုင္ႏိုင္ႏိုင္သ႐ုပ္ေဆာင္တတ္တဲ့ အကယ္ဒမီမင္းသမီးတစ္လက္လို႔လည္း ဆိုရမွာပါ။ နာမည္နဲ႔လိုက္ေအာင္ ေခ်ာေမာလွပတဲ့မင္းသမီးတစ္လက္ျဖစ္ၿပီး တစ္သားေမြးတစ္ေသြးလွတယ္လို႔ဆိုရေလာက္ေအာင္ႏုပ်ိဳလွပေနတဲ့သူပါ။

ဒါ့အျပင္အၿမဲေပ်ာ္ေပ်ာ္ေနတတ္ၿပီးအိမ္ေထာင္ေရးမွာလည္းစိတ္ခ်မ္းသာရတဲ့မင္းသမီးတစ္လက္ပါ။ အႏုပညာေမာင္ႏွမေတြအေပၚမွာလည္းအၿမဲရင္းႏွီးေဖာ္ေ႐ြတတ္တဲ့ သူတစ္ေယာက္ပါ။လတ္တေလာမွာလည္း ေက်ာက္မ်က္ရတနာနဲ႔စိန္livesale ေလးေတြ ျပဳလုပ္လ်က္ရွိတာပါ။

ဒါ့အျပင္ ”ေခ်ာသ႐ုပ္ေဆာင္တာေလးေတြျပန္ၾကည့္ခ်င္တယ္ဆိုတဲ့ခ်စ္ေသာသူမ်ားရွင့္
Dreamed A Dream ရဲ႕ Season 1 Episode 1 ကို channelK မွာ မၾကာခင္ စတင္ျပေတာ့မွာျဖစ္ပါတယ္🖤”ဆိုတဲ့စာေလးနဲ႔အတူ အိပ္မက္ထဲကအိပ္မက္ဇာတ္လမ္းတြဲမွာ မာလာဆိုတဲ့ဇာတ္ေကာင္အေနနဲ႔ပါဝင္ထားေၾကာင္းသတင္းေကာင္းပါးလာခဲ့တာပါ။CeleGabarပရိသတ္ႀကီးထဲမွာေရာ အိပ္မက္ထဲကအိပ္မက္ဇာတ္လမ္းတြဲကိုအားေပးဝန္းရံဖို႔အသင့္ပဲလားဆိုတာမွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Koe-CeleGabar
Source- ChawYadanar