ရှင်(၁၀၈)ပါး ရဟန်းခံ၊ရှင်ပြု အလှူတော်မင်္ဂလာပွဲကြီး လှူဒါန်းပြုလုပ်သွားမယ့် ခိုင်နှင်းဝေ

Posted on

ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ ပရဟိတအလုပ်တွေကို စိတ်အားထက်သန်စွာနဲ့ လိုက်လံကူညီပေးနေပြီး ခိုကိုးရာမဲ့ ကလေးငယ်တွေကိုလည်း မိခင်ရင်းသဖွယ်ပြုစုစောင့်ရှောက်နေတာကြောင့် ပရိသတ်တွေက ချီးကျူးနေရတဲ့ သူလည်းဖြစ်ပါတယ်။

ပရိသတ်တွေရဲ့အချစ်တော်ခိုင်နှင်းဝေက လတ်တလောမှာလည်း မွန်မြတ်လှတဲ့ အလှူကြီးတစ်ခုကို ကျင်းပပြုလုပ်သွားမယ့်အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေလာခဲ့ပါတယ်။ အလှူကတော့ မြန်မာတို့ရဲ့ ထူးမြတ်လှတဲ့ နှစ်သစ်ဦး သင်္ကြန်ကာလမှာ ရှင်အပါး (၁၀၈)ပါးကို ရှစ်ပါး ပရိက္ခရာစုံလွင်စွာနဲ့ သာသနာ့ဝန်ထမ်းရှင်ရဟန်းအဖြစ်သို့ချီးမြှောက်သွတ်သွင်းတဲံ ရဟန်းခံရှင်ပြုအလှူပွဲကြီးပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေက ဒီအလှူကြီးမှာတော့ သူ့ရဲ့ချွေးနည်းစာနဲ့ရရှိထားတဲ့ ငွေတွေလည်း ပါဝင်သလို (၇)ရက်သားသမီးတွေအားလုံးရဲ့ အလှူငွေတွေလည်း ပါဝင်ပါတယ်တဲ့။ CeleGabar ပရိသတ်ကြီးရေ တကယ်ကို မွန်မြတ်လှတဲ့ အလှူကြီးပါပဲနော်။

Source – Khine Hnin Wai
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Khine Hnin Wai
Chilli – CeleGabar