ပရိ သတ်ကြီးရေ အချစ်ဟာ လိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလား ဆိုတဲ့ သီချင်းစာသားလေးနဲ့ ခွင့်လွှတ်ပေးဖို့တောင်းပန်ချင် ဆိုတဲ့ တေးသံရှင်ချယ်ရီသင်းရဲ့ သီချင်းဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပရိသတ်တွေအားပေးကြမ်းခဲ့တယ်ဆိုတာ သိပြီးဖြစ်မှာပါနော် ။ နောက်ပိုင်းမှာလည်း လူငယ်တွေကြားမှာ Trend ဖြစ်နေတဲ့အကြောင်းရာလေးတွေကို ရေးစပ်ထားတဲ့ သူမရဲ့ သီချင်းအသစ်တွေကို ပရိသတ်တွေက ဆက်တိုက်အားပေးကြမ်းခဲ့ကြပါတယ် ။
လတ်တလောမှာတော့ ချယ်ရီသင်းတစ်ယောက် စိုင်းစိုင်းခမ်းလှိုင်သီဆိုထားတဲ့ လိမ်စမ်းညာစမ်း သီချင်း လေးကို ဂစ်တာတီးပြီး ပြန်လည်သီဆိုကာ သူမရဲ့ လူမှု့ကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကိုမျှဝေပေးခဲ့ပါတယ် ။ ဒီ ဗီဒီယိုလေးကို စိုင်းစိုင်းက သူ့ရဲ့ ဖေ့ဘုတ်စ်စာမျက်နှာထက်မှာ ပြန်လည် မျှဝေပေးခဲ့ပြီး မှတ်ချက်ကောင်းလေးပေးခဲ့တဲ့အတွက် ချယ်ရီသင်းတစ်ယောက် အရမ်းကိုပျော်နေပါတယ် ပရိသတ်ကြီးရေ ..။
ချယ်ဂစ်တာလေးနဲ့ပြန်ဆိုပြထားတဲ့ ကိုစိုင်းတို့ရဲ့လိမ်စမ်းညာစမ်း သီချင်းလေးကို ကိုစိုင်းကသဘောကျတယ်ဆိုလို့ကျေနပ်ပါနေပါပြီ အပျော်ဆုံးထဲကတစ်နေ့ ကိုစိုင်းကပြန်Share ပေးထားတော့အရမ်းပျော်နေပါပြီ ဆိုတဲ့စာသားလေးကိုလည်း ချယ်ရီသင်းက သူမဖေ့ဘုတ်စ်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ် ။
https://www.facebook.com/cheeryth/videos/268565971070910/
Sourced : Cherry Thin
Emily (Cele Gabar)