အဖွားဓားစန်းရီ အပါအဝင် အဖွား(၄)ယောက်ကို ကူညီထောက်ပံ့ခဲ့တဲ့ မိုးစက်

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ လူရွှင်တော်မိုးစက်ကတော့ ဒီနေ့ ဧပြီလ (၁၁)ရက်နေ့မှာ သူလှူဒါန်းကူညီထောက်ပံ့နေကျအတိုင်း အဖွား(၄)ယောက်ကို ကူညီထောက်ပံ့ခဲ့ပါတယ်။ ဒီနေ့မှာတော့ မိုးစက်က အသက် (၈၆)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အဖွားဓားစန်းရီကိုလည်း ကူညီထောက်ပံ့ခဲ့ပါတယ်။

အဖွားဓားစန်းရီကိုတော့ မိုးစက်က အဖွားရဲ့ အိမ်အထိသွားရောက်ပြီး အဖွားရဲ့ အိမ်ငှားလစာ (၂)လစာနဲ့ အဖွားလိုအပ်တာသုံးနိုင်ဖို့ (၂)သိန်းကျပ်ကူညီထောက်ပံ့ခဲ့ပါတယ်တဲ့။ နောက်ထပ်လည်း စပါးတွဲ ရောင်းတဲ့ အဖွားကို တစ်သိန်းကျပ်၊ ရွေပြည်သာ သံဒင်းဈေးမှာ တိုလီမိုလီ ရောင်းတဲ့ အဖွားကို တစ်သိန်းကျပ် စီ နဲ့

နေပူထဲ မှာ တံမြက်စည်းရွက်ပြီး ရောင်းနေတဲ့ အဒေါ်ကြီးတစ်ဦး ကို တစ်သိန်းကျပ် စုစုပေါင်း (၅)သိန်းကျပ် ကူညီထောက်ပံ့ခဲ့တာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ မိုးစက်ရဲ့ မွန်မြတ်လှတဲ့ ကူညီထောက်ပံ့မှုကုသိုလ်လေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

 

Source – Moe Sat
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Moe Sat
Chilli – CeleGabar