” မိခင်ကြီးနဲ့အတူ သီးစုံရေခဲချောင်းအလှူလေးကို လှူဒါန်းခဲ့တဲ့ ဂျွန်လွင်”

Posted on

CeleGabarပရိသတ်ကြီးရေ ဂျွန်လွင်ကတော့ အနုပညာလောကမှာ မော်ဒယ်လ်နဲ့မင်းသမီးမင်းသားတွေကိုမြေတောင်မြှောက်ပေးနေတဲ့Stars and Models int’l အေဂျင်စီရဲ့ ​တည်ထောင်သူတစ်ဦးပဲ ဖြစ်ပါတယ်။ နာမည်ကြီး မင်းသမီးမင်းသားများစွာ သူ့ရဲ့သင်ကြားမှုလက်အောက်ကနေအောင်မြင်ခဲ့ကြတဲ့သူတွေမနည်းမနောပါပဲနော်။

မကြာသေးမီကမိခင်ကြီးနဲ့အတူဘန်ကောက်မှာ သွားရောက်နေထိုင်ကာ အပမ်းဖြေအနားယူခဲ့ပြီး လက်ရှိမှာတော့ ရန်ကုန်ကို ပြန်လာကာနေထိုင်လျက်ရှိတာပါ။ ဒီနေ့မှာလည်း”မြန်မာနှစ်သစ်အကြို မှာ ချစ်အမေ နှင့်အတူသီးစုံ ရေခဲချောင်းအလှူ လုပ်ဖြစ်ပါတယ်။ထာဝရပေးကမ်းနိုင်သောလက်တစုံ ဖြစ်ပါရစေ။အားလုံးအေးချမ်းကြပါစေ။”ဆိုတဲ့စာလေးနဲ့ မိခင်ကြီးနဲ့အတူအလှူပြုလုပ်ခဲ့တဲ့ပုံရိပ်လေးတွေတင်လာခဲ့တာပါ။


အမြဲမိဘအပေါ်လိုလေသေးမရှိပြုစုစောင်​့ရှောက်တတ်တဲ့ဂျွန်လွင်ကတော့ အလှူအတန်းဆိုရင်လည်း မိခင်ကြီးနဲ့အတူတူကုသိုလ်တွေပြုလုပ်လေ့ရှိတာပဲ ဖြစ်ပါတယ်။CeleGabarပရိသတ်ကြီးလည်း ဂျွန်လွင်ရဲ့အလှူအတွက်သာဓုခေါ်မုဒိတာပွားခဲ့ကြပါဦးနော်။

Koe- CeleGabar
Source- jhonlwin
ZawgyiFontဖြင့်ဖတ်ရန်





Koe- CeleGabar
Source- jhonlwin