“သင်္ကြန်မှာ ဖြတ်သန်းမယ့် သူမရဲ့စိတ်ကူးကို ပြောပြလာတဲ့ မေ”

Posted on

CeleGabar ပရိသတ်ကြီးရေ မေကတော့ မော်ဒယ်လ်သရုပ်ဆောင်အဖြစ် အနုပညာလောကတွင် ရပ်တည်နေသူဖြစ်ပြီး ယောကျာ်းလေးပရိသတ်အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်လို့ ဆိုရမှာပါ။မေကတော့ မော်ဒယ် သရုပ်ဆောင်ပိုင်းသာမက အဆိုပိုင်းမှာပါ ကျွမ်းကျင်တဲ့ ပါရမီရှိသူဖြစ်ပြီး ငယ်စဉ်ကတည်း အဆိုပိုင်းကိုဝါသနာပါသူလို့လည်းသိရပါတယ်။

မေကတော့ပုဒ်မ ၅၀၅နဲ့တရားစွဲဆိုခံရပြီးနောက်ပြန်လည်ကင်းလွတ်ပြီးနောက် မကြာသေးမီကအနုပညာအလုပ်တွေပြန်လည်လုပ်ခွင့်ကိုပရိသတ်တွေဆီမှာပြန်လည်တောင်းခံကာ ရရှိခဲ့တဲ့အနုပညာကြေးတွေကို လည်း ပြန်လည်လှူဒါန်းနေသူပါ။လက်ရှိကျရောက်တော့မယ့် နှစ်ကူးသင်္ကြန်နဲ့ပတ်သက်ပြီး မေကတော့ဒီနှစ်သင်္ကြန်ကို ”သင်္ကြန် အိမ်တွင်းပုန်းမယ့် အဖွဲ့ကပါ..”ဆိုတဲ့စာလေးနဲ့ အမိုက်စားပုံလေးတွေတင်လာခဲ့တာပါ။

သူမအနေနဲ့ဒီနှစ်သင်္ကြန်ကို အိမ်မှာပဲ ဖြတ်သန်းမယ့်အကြောင်းပြောပြခဲ့တာပါ။ CeleGabarပရိသတ်ကြီးလည်းဒီနှစ်သင်္ကြန်ကို အိမ်မှာပဲ ဖြတ်သန်းမယ့်သူတွေရှိရင် မှတ်ချက်ပေးခဲ့ပါဦးနော်။


Koe-CeleGabar
Soure – May
ZawgyiFontဖြင့်ဖတ်ရန်





Koe-CeleGabar
Soure – May